October 19, 2024

ဒေါ်ဇင်မာအောင်ကမူ ထိုသို့မပြောခဲ့ဟု Personal Statement ထုတ် ငြင်းဆိုသော်လည်း Nikkei ၏ ပြင်ဆင်ချက်အရ SAC အစိုးရကို NUG က တွေ့ဆုံမည်ဟု ပြောခဲ့ကြောင်း ပေါ်ပေါက်

၁. ၁၂. ၂၀၂၃
Written by Nay Moe ၊ Htwe Ko Tun

ဂျပန်နိုင်ငံ Nikkei Asia သတင်းဌာနက နိုဝင်ဘာ ၂၉ ရက်က ရေးသားခဲ့တဲ့ အယ်ဒီတာ့ အာဘော်မှာ NUG ဟာ SAC အစိုးရနဲ့ မျက်နှာချက်းဆိုင် တွေ့ဆုံဆွေးနွေးဖို့ ပြင်ဆင်နေတယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်က ပြောခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။

Nikkei Asia သတင်းဌာနက ရေးသားခဲ့တဲ့ “Myanmar’s Shadow Government says ‘military is ready to collapse’ ” အယ်ဒီတာ့အာဘော်မှာ ဒေါ်ဇင်မာအောင်က သူမတို့ စင်ပြိုင်အစိုးရ(NUG) ဟာ တပ်မတော်အစိုးရနဲ့ မျက်နှာချင်းဆိုင်တွေ့ဖို့ဆွေးနွေးနေတယ်ဆိုတာကို “Zin Mar Aung said her parallel government is preparing for face-to-face dialogue with the military regime and is close to completing its vision for the future of the country and how it would function as a federal state ” လို့ Nikkei Asia က ဖော်ပြခဲ့ပါတယ်။

ဒါ့အပြင် တပ်မတော်အစိုးရ(SAC)နဲ့ တွေ့ဆုံဆွေးနွေးဖို့ အခြေခံအချက်တွေ ပေးပို့ထားပေမဲ့ လက်ရှိကတော့ ဆွေးနွေးဖို့ အချိန်အခါမသင့်သေးကြောင်းကိုလည်း”We have already sent our ground rules for dialogue to the junta. But it is not yet a conducive environment for dialogue,” she said. “In order to make this happen, we have preconditions, such as the junta following the five-point consensus.”လို့ ဒေါ်ဇင်မာအောင်ပြောတာကို Nikkei Asia က ဖော်ပြခဲ့ပါတယ်။

ဒီလိုရေးသားထားတာနဲ့ပတ်သက်ပြီး ဒေါ်ဇင်မာအောင်က “parallel government is preparing for face-to-face dialogue with the military regime” ဆိုတဲ့ အသုံးအနှုန်း အသုံးပြုခဲ့ခြင်းမရှိပေမဲ့”We have already sent our ground rules for dialogue to the junta. But it is not yet a conducive environment for dialogue,” she said. “In order to make this happen, we have preconditions, such as the junta following the five-point consensus.” ဆိုတာကိုတော့ ပြောခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။

ဒေါ်ဇင်မာအောင်ဟာ အဲဒီလိုငြင်းဆိုအပြီးမှာ Nikkei Asia က ” Zin Mar Aung said her parallel government is not refusing dialogue with the military regime, while adding that the environment is not yet conducive to such talks.” ၊ “We are preparing for the political dialogue phase-by-phase,” by developing the “ground rules” for dialogue, she said. “In order to make this happen, we have preconditions, such as the junta following the five-point consensus.” လို့ ပြင်ခဲ့ပေမဲ့လည်း အဓိပ္ပါယ်က ထူးပြီးမခြားနားဘဲ “NUG ဟာ SAC နဲ့ တွေ့ဆုံဆွေးနွေးဖို့မငြင်းဘူးဆိုတာ၊ ဒါပေမဲ့ လက်ရှိအခြေအနေက အသင့်မဖြစ်သေးဘူးဆိုတာ၊ SAC နဲ့ ဆွေးနွေးဖို့ အခြေခံစည်းမျဥ်းတွေရေးဆွဲနေပြီး နိုင်ငံရေးဆွေးနွေးပွဲအတွက်ပြင်ဆင်နေသလို SAC အစိုးရဟာလည်း အာဆီယံမူငါးချက်လိုက်နာတဲ့ အစိုးရဖြစ်ဖို့လိုတယ်လို့ ပြောတဲ့အကြောင်း ပြင်ဆင်ခဲ့တာတွေ့ရပါတယ်။

Nikkei ရဲ့ အယ်ဒီတာ့အာဘော်ဟာ ဒေါ်ဇင်မာအောင်ပြောဆိုခဲ့တာနဲ့ ထပ်တူဖြစ်ပြီး စကားလုံးအသုံးအနှုန်းတချို့လွဲခဲ့လို့သာ ပြင်ဆင်ခဲ့တာတွေ့ရပြီး အဓိပ္ပါယ်ကတော့ NUG ဟာ SAC အစိုးရနဲ့ တွေ့ဆုံဆွေးနွေးမယ်ဆိုတဲ့ အဓိပ္ပါယ်ပါပဲ။

Nikkei Asia က ဒေါ်ဇင်မာအောင့် ပြောဆိုမှုအပေါ် ကနဦးတင်ပြခဲ့မှု

Zin Mar Aung said her parallel government is preparing for face-to-face dialogue with the military regime and is close to completing its vision for the future of the country and how it would function as a federal state “

“We have already sent our ground rules for dialogue to the junta. But it is not yet a conducive environment for dialogue,” she said. “In order to make this happen, we have preconditions, such as the junta following the five-point consensus.”

ဇင်မာအောင်က သူမတို့ စင်ပြိုင်အစိုးရအနေနဲ့ တပ်မတော်အစိုးရနဲ့ မျက်နှာချင်းဆိုင် တွေ့ဆုံညှိနှိင်းရေးပြုလုပ်ဖို့ ကြိုတင်ပြင်ဆင်လျက်ရှိပြီး အနာဂတ်နိုင်ငံတော်အတွက် သူမတို့စင်ပြိုင်အစိုးရရဲ့ မျှော်မှန်းချက် ပြီးပြည့်စုံဖို့နဲ့ ဖက်ဒရယ်နိုင်ငံတော်ကြီးအဖြစ် ဘယ်လိုလည်ပတ်တည်ဆောက်သွားမယ်ဆိုတာတို့ အတွက် နီးစပ်လျက်ရှိပြီလို့ ပြောခဲ့ပါတယ်။

“ကျွန်မတိုဘက်က တွေ့ဆုံညှိနှိုင်းပွဲအတွက် အခြေခံစည်းမျဉ်းတွေကို မြန်မာစစ်အစိုးရဆီပိုခဲ့ပါပြီ။ ဒါပေ မယ့်အထောက်အကူဖြစ်စေတဲ့ ပတ်ဝန်းကျင်အနေအထားမရှိသေးဘူး” လို့လည်းသူမကပြောခဲ့ပါတယ်။ ဒါ့အပြင် ၎င်းကဆက်လက်ပြီး “တွေ့ဆုံညှိနှိုင်းပွဲဖြစ်လာဖို့ စစ်အစိုးရအနေနဲ့ အာဆီယံရဲ့ အများတူညီ ဆန္ဒငါးချက်ကိုလိုက်နာဖို့လိုဟာမျိုးလို မရှိမဖြစ်လိုတာတွေကို ကျွန်မတို့မှာကြိုတင်သတ်မှတ်ချက်တွေ ရှိတယ်။” လို့လည်းပြောခဲ့ပါတယ်။

ဒေါ်ဇင်မာအောင် ငြင်းဆိုပြီးနောက် Nikkei Asia ပြင်ဆင်ဖော်ပြခဲ့မှု

Zin Mar Aung said her parallel government is not refusing dialogue with the military regime, while adding that the environment is not yet conducive to such talks. “We are preparing for the political dialogue phase-by-phase,” by developing the “ground rules” for dialogue, she said. “In order to make this happen, we have preconditions, such as the junta following the five-point consensus.”

“ဇင်မာအောင်က တွေ့ဆုံညှိနှိုင်းရေးအပေါ် အထောက်အကူဖြစ်စေတဲ့ ပတ်ဝန်းကျင်အနေအထား မရှိသေးသော်ငြားလည်း စင်ပြိုင်အစိုးရအနေနဲ့ တပ်မတော်အစိုးရနဲ့ တွေ့ဆုံညှိနှိုင်းဖို့မငြင်းကြောင်း၊ နိုင်ငံရေးအရ တွေ့ဆုံညှိနှိုင်းရေးကိုအဆင့်လိုက်ဆောင်ရွက်နိုင်ဖို့ အခြေခံစည်းမျဉ်းများ၊ မူများချမှတ်ကာ ကြိုတင်ပြင်ဆင်လျက်ရှိကြောင်း၊ မျှော်မှန်းထားသကဲ့သိုဖြစ်လာရန် SAC အစိုးရက အများတူညီ ဆန္ဒငါးချက်ကို လိုက်နာရေးကဲ့သို့ မရှိမဖြစ် ကြိုတင်သတ်မှတ်ချက်များလည်းရှိကြောင်း ပြောသွားခဲ့ပါသေးတယ်”

ဒေါ်ဇင်မာအောင်လိုပဲ NUG ရဲ့ ယာယီသမ္မတဒူဝါလရှီးလကလည်း Reuters Next အစီအစဉ်မှာ SAC အစိုးရနဲ့ မဖြစ်မနေ ဆွေးနွေးရမယ်ဆို NUG က ကြိုတင်သတ်မှတ်ချက် ၄ ချက် ချမှတ်ထားပြီး အဲဒီ ၄ ချက်အရ ဆွေးနွေးမယ်လို့လည်း ကမ္ဘာသိပြောထားပါသေးတယ်။

Leave a Reply

Your email address will not be published. Required fields are marked *