October 19, 2024

၁. ၁၂. ၂၀၂၃
Written by Nyein Kyaw

သင်္ဃန်းကျွန်းမြို့နယ်ရှိ မြေညီထပ်တိုက်ခန်းအတွင်း လွန်ခဲ့သည့် ၅ ရက်ခန့်က သေဆုံးခဲ့သည့် ပုပ်ပွအမျိုးသားတစ်ဦးတွေ့ရှိမှုဖြစ်ပွားခဲ့ကြောင်း သုဝဏ္ဏပရဟိတအသင်းမှ သိရသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၁ ရက် (ယနေ့) နံနက် ၈ နာရီ ၁၅ မိနစ်ခန့်တွင် သင်္ဃန်းကျွန်းမြို့နယ်၊ (ဃ) ရပ်ကွက်၊ သင်္ဂဟလမ်း၊ အမှတ် ၂၁ မြေညီထပ်တွင် အပုပ်နံ့များ ဆိုးဝါးစွာထွက်နေ၍ ရပ်ကွက်နေပြည်သူများက အကြောင်းကြားလာ၍ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် သုဝဏ္ဏပရဟိတအသင်းမှ သွားရောက်ကူညီပေးခဲ့ရာ နေအိမ်အတွင်း၌ လွန်ခဲ့သည့် ၅ ရက်ခန့်က သေဆုံးနေသည့် အမျိုးသားတစ်ဦး သေဆုံးနေခြင်းကို သိရှိခဲ့ရကြောင်း သိရသည်။

This image has an empty alt attribute; its file name is photo_2023-12-01_16-40-05-510x1024.jpg

“သူက အိမ်ထောင်ကွဲပြီး တစ်ယောက်ထဲနေတာ ကျန်းမာရေးမကောင်းတာတော့ ကျွန်တော်တို့သိတယ်။ ဘာလို့ဆိုတော့ ကျွန်တော်တို့ ပရဟိတ ဆေးခန်းကိုလာပြဖူးလို့သိတာ။ အခုသေတာကိုတော့ ဘာကြောင့်ဆိုတာတော့ ကျွန်တော်တို့ သေချာမသိဘူး။ သေနေတာကတော့ တော်တော်ပုပ်ပွနေတော့ ကျွန်တော်တို့ခန့်မှန်းတာ ၅ ရက်လောက်တော့ရှိမယ်” ဟု သုဝဏ္ဏပရဟိတအသင်းမှ တာဝန်ရှိသူက ပြောသည်။

သေဆုံးသူ အမျိုးသားရုပ်အလောင်းအား သက်ဆိုင်ရာတာဝန်ရှိသူများက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ပြီးနောက် နာရေးကူညီမှုအသင်းယာဉ်ဖြင့် သင်္ဃန်းကျွန်း စံပြဆေးရုံကြီးသို့ ပို့ဆောင်‌ပေးခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *