October 19, 2024

၁. ၁၂. ၂၀၂၃
Written by Pan Ei

နိုင်ငံအတွင်း စာတတ်မြောက်မှုနှုန်း ကျဆင်းလာမှုကို ကိုင်တွယ်ဖြေရှင်းဖို့ နယူးဇီလန်နိုင်ငံတဝှမ်းက စာသင် ကျောင်းတွေမှာ ဖုန်းအသုံးပြုတာတွေကို ပိတ်ပင်သွားမယ်လို့ နယူးဇီလန်နိုင်ငံရဲ့ဝန်ကြီးချုပ်သစ် Christopher Luxon က ဒီနေ့ (ဒီဇင်ဘာ ၁ ရက်) မှာ ပြောကြားခဲ့ပါတယ်။

နယူးဇီလန်နိုင်ငံရဲ့ ကျောင်းတွေဟာ တစ်ချိန်က ကမ္ဘာ့အကောင်းဆုံးစာတတ်မြောက်မှုမှတ်တမ်းတချို့ကို ကြွားလုံးထုတ်နိုင်ခဲ့ကြပေမဲ့ နိုင်ငံရဲ့ပရဟိတပညာရေးဌာန သုတေသီတွေက ၂၀၂၂ ခုနှစ်မှာတော့ ကလေးငယ်တွေရဲ့ “စာတတ်မြောက်ရေအကျပ်အတည်း”ကို သတိပေးခဲ့ရတဲ့ အခြေအနေထိ ဖြစ်ခဲ့ပြီး အသက် ၁၅ နှစ်အရွယ် လူငယ်တွေရဲ့ သုံးပုံတစ်ပုံကျော်လောက်က စာမရေးတတ်၊ စာမဖတ်တတ်ကြောင်းကို လေ့လာချက်တွေအရ တွေ့ရှိခဲ့ပါတယ်။

အောက်တိုဘာလ ရွေးကောက်ပွဲအပြီး အခုသီတင်းပတ်အတွင်း အစိုးရအဖွဲ့မှာ ကျမ်းသစ္စာကျိန်ဆိုခဲ့တဲ့ Luxon က ခုလို ဖုန်းအသုံးပြုမှုပိတ်ပင်တဲ့ လှုပ်ရှားမှုဟာ အနှောင့်အယှက်ဖြစ်စေတဲ့အပြုအမူတွေကို ရပ်တန့်စေကာ ကျောင်းသားတွေရဲ့ အာရုံစိုက်မှုကို အထောက်အကူဖြစ်စေမယ်လို့ ပြောကြားခဲ့ပါတယ်။

အမေရိကန်၊ ဗြိတိန်နဲ့ ပြင်သစ်တို့က ရလဒ်တွေကို ရောနှောထားတဲ့ စမ်းသပ်မှု မူဝါဒကို ချမှတ်ပြီး သူ့ရဲ့ ပထမဆုံး ရုံးစဝင်ပြီး ရက်ပေါင်း ၁၀၀ အတွင်း ကျောင်းတွေမှာ ဖုန်းတွေကို ပိတ်ပင်သွားမှာဖြစ်တယ်လို့ Luxon က ကြေညာခဲ့ကာ “နယူးဇီလန်နိုင်ငံတဝှမ်းက ကျောင်းတွေမှာ ဖုန်းတွေကို ပိတ်ပင်သွားတော့မှာပါ။ ကလေးတွေကို စာသင်စေချင်တယ်။ ဆရာတွေကိုလည်း သင်ပေးစေချင်ပါတယ်” လို့ Luxon က ပြောကြားခဲ့ပါတယ်။

Ref; CNA

Leave a Reply

Your email address will not be published. Required fields are marked *