October 19, 2024

၂၆.၁၁.၂၀၂၃

Written by KL

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ၆၆ ရပ်ကွက် ဧရာဝဏ်လမ်းမကြီးပေါ်တွင် နိုဝင်ဘာ ၂၆ ရက် ည ၇ နာရီခွဲခန့်က အမျိုးသားတစ်ဦးမောင်းနှင်လာသော Nissan အဖြူရောင်ယာဥ်မှာ YBS- ၆ ခရီးသည်တင်ယာဥ်ကို ဝင်တိုက်မိခဲ့သဖြင့် Nissan ယာဥ်မောင်းဒဏ်ရာရရှိခဲ့ကြောင်း ကယ်ဆယ်ရေး ဆောင်ရွက်ခဲ့သူများထံမှ သိရသည်။

Nissan အဖြူရောင်ယာဥ်မှာ သာကေတဘက်မှ တောင်ဒဂုံဘက်သို့ မောင်းနှင်လာစဥ် Gas ထည့်ရန် တန်းစီနေသော YBS- ၆ ခရီးသည်တင်ယာဥ်ကို ဝင်တိုက်မိခဲ့ခြင်းဖြစ်ပြီး Nissan အဖြူရောင်ယာဥ်မောင်းမှာ ကားစတီယာရင်တိုင်နှင့် ထိုင်ခုံကြားညပ်နေသဖြင့် ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များက ဝိုင်းဝန်း ကယ်ထုတ်ခဲ့ရကြောင်း သိရှိရသည်။

ထိုဖြစ်စဥ်တွင် Nissan အဖြူရောင်ယာဥ်မောင်း ဦးဟိန်းထွန်းမှာ ခြေထောက်နှစ်ဖက်တွင် ပွန်းပဲ့ဒဏ်ရာများ ရရှိသဖြင့် သီရိမင်္ဂလာကျန်းမာရေး လူမှုကူညီရေးအသင်း ယာဥ်ဖြင့် မြောက်ဥက္ကလာပဆေးရုံသို့ တင်ပို့ထားကြောင်း သိရှိရပြီး အဆိုပါ ယာဥ်တိုက်မှုနှင့်ပတ်သက်၍ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့မရဲစခန်းက အမှုဖွင့် အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *