October 30, 2024

အသေဖမ်းမိသည့် GZP(MDY) အဖွဲ့ဝင်တစ်ဦးကို တွေ့ရစဥ်

MT News

Written by Tha Doe

ပြည်သူလေးဦးအား လတ်တလော သတ်ဖြတ်ခဲ့သည့် GZP (Mandalay) အဖွဲ့ဝင် PDF များ ဆိုင်ကယ်စီးလာသူကို လုယက်သတ်ဖြတ်စဥ် ပစ်ခတ်ဖမ်းဆီးရာမှ လေးဦးစလုံးကို အသေပစ်ခတ်ဖမ်းမိခဲ့သည်ဟု SAC က နိုဝင်ဘာလ ၂၁ ရက်နေ့ ညတွင် ထုတ်ပြန်ထားသည်။

ဖြစ်စဥ်မှာ နိုဝင်ဘာ ၁၈ ရက် နံနက် ၁၁ နာရီခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ ရတနာဘုမ္မိအနောက်ရပ်ကွက် ၃၅ လမ်း၊ ၈၅/၈၆ လမ်းကြား၌ ညောင်ပင်ရင်းမှ ဗုံး(၁)လုံး ပေါက်ကွဲကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးရာ Generation Z Power (PDF) ထောင်ထားသည့် ဗုံးပေါက်ကွဲမှုကြောင့် လမ်းမြောက်ဘက်ခြမ်း COFFEE KING ရှိဦးဝင်းကိုကို၊ အသက် ၆ဝ နှစ်၊ ၈၁/ ၃၆လမ်းထောင့်နေသူ၏ ဝဲနားထင် ပေါက်ကွဲအစထိမှန်(သေဆုံး) နှင့် လမ်းတောင်ဘက်ခြမ်းတွင် ရပ်ထားသော 2L/3086 (Mazda Demio) ကားအဖြူရောင် (၁)စီးတို့ ရှေ့ဘန်ကာ ပျက်စီးသွားခဲ့ကြောင်း သိရသည်။

အလားတူ နိုဝင်ဘာလ ၁၉ ရက် နံနက် ၁၁ နာရီခန့်တွင် မဟာအောင်မြေမြို့နယ်၊ သံလျှက်မှော် အနောက်ရပ်ကွက်၊ ရာအိမ်မှူး ဉီးထွန်းမြင့်အေးအား 42-A လမ်း၊ 91-Cလမ်း သိန်းသန်းဝေ ခေါက်ဆွဲဆိုင်ရှေ့တွင် ဧည့်စာရင်းစာအုပ်သွားရောက်ပို့ဆောင်နေစဉ် Generation Z Power (PDF) ၏ ပစ်ခတ်မှုကြောင့် သေဆုံးသွားခဲ့သည်။

ယင်းအပြင် နိုဝင်ဘာ၂၀ ရက် ညနေ ၅ နာရီခန့်တွင် ပုသိမ်ကြီးမြို့နယ်၊ ရေထွက်ကျေးရွာသွား ကားလမ်းမဘေးရှိ ကြယ်စင်လင်းဆိုင်ကယ်ပြင်ဆိုင်တွင် ရေထွက်ကျေးရွာ ရာအိမ်မှူး ဦးမြင့်ဆွေသည် ၄င်း၏ ဆိုင်ကယ်အား ပြုပြင်ရန်စောင့် ဆိုင်းနေစဉ် ရေထွက်သွားကားလမ်းမ အနောက်မှ အရှေ့ဘက်သို့ မောင်းနှင်လာသော ကလစ်ဘီးလိမ္မော်ရောင်ဖြင့် လူငယ်နှစ်ဦး ရောက်ရှိလာပြီး လက်နက်ငယ်ဖြင့် ပစ်ခတ်ခဲ့ရာ ဦးမြင့်ဆွေ၏ လည်ပင်းဝဲဘက်ဖေါက်ဝင်ဒဏ်ရာ တစ်ချက်ရရှိခဲ့ပြီး အခင်းဖြစ်နေရာတွင်ပင် သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။

ထို့အတူ နိုဝင်ဘာလ ၂၀ရက်နေ့ နံက် ၈ နာရီအချိန်ခန့်တွင် မဟာအောင် မြေမြို့နယ်၊ ဟေမမာလာမြောက်ရပ်ကွက်၊ အကွက်(၆၅၀) ၇၆ လမ်း၊ ၃၇/၃၈ လမ်းကြားရှိ ရှမ်းခေါက်ဆိုင်တွင် လူ(၁)ဦးသေနတ်ပစ်ခံရကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးမေးမြန်းရာ ၇၆ လမ်းအတိုင်း မြောက်မှတောင်သို့ CZI (အနက်/နံပါတ်ပြားမပါ)ဆိုင်ကယ်ဖြင့် လူ(၂)ဦး Maskများ တပ်လျှက် ရောက်ရှိလာပြီး ရှမ်းခေါက်ဆွဲဆိုင်အတွင်းရှိ ဦးကျော်ဇင်ထက်၊ ၇၆/ ၇၇ ၊ ၃၆/ ၃ရလမ်းကြား ဟေမမာလာမြောက် ရပ်ကွက်နေသူအား သေနတ်ဖြင့်(၂) ချက်ပစ်ခတ်ပြီး ၄င်းတို့စီးနင်းလာသော ဆိုင်ကယ်ဖြင့် ၇၆ လမ်းအတိုင်း မြောက်ဘက်သို့ ထွက်ပြေးသွားခဲ့သည်။

ပစ်ခတ်မှုကြောင့် ဦးကျော်ဇင်ထက်၏ ဝဲပါး(၁)ချက်၊လည်ပင်း ဝဲဘက်ခြမ်း (၁)ချက် ဖေါက်ဝင်ဒဏ်ရာများရရှိပြီး ရရှိဒဏ်ရာဖြင့် သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။

အဆိုပါ PDF များကို ဖမ်းဆီးရမိရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ခြေရာခံ၍ လိုက်လံပိတ်ဆို့ရှာဖွေစဉ် ယမန်နေ့နေ့လယ် ၁ နာရီ ၄၀ မိနစ်ခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ မြို့မရပ်ကွက်၊ ၁၉ လမ်းတွင် Generation Z Power (PDF)အမည်ခံ အကြမ်းဖက်အဖွဲ့များ ရောက်ရှိနေကြောင်း သတင်းအရ သွားရောက်ရှာဖွေ စဉ် ပုသိမ်ကြီးမြို့နယ်၊ ၁၉ လမ်းပေါ်ရှိ အဆုတ်ရောဂါကုသရေးဆေးရုံအနီးသို့ အရောက် GZP- PDF ၄ ဦးတို့မှ လမ်းပေါ်တွင် မောင်းနှင်လာသော မောင်ဝင်းပြည့်စိုး၊ ဆိုင်ကယ်ဝပ်ရှော့၊ အောင်မင်္ဂလာ(၁)ရပ်ကွက်၊ ပုသိမ်းကြီးမြို့နယ် နေသူအား သေနတ်ဖြင့်ပစ်ခတ်၍ သေဆုံးသွားခဲ့ပြီး ၎င်း၏ ဆိုင်ကယ်အား လုယူမောင်းနှင်ထွက်ပြေးစဉ် လုံခြုံရေးအဖွဲ့များက လိုက်လံပစ်ခတ်ဖမ်းဆီးခဲ့ရာ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်တွင် Generation Z Power (PDF)အမည်ခံ အကြမ်းဖက်အဖွဲ့ ဒု-အဖွဲ့ခေါင်းဆောင် ကျွဲကြီး(ခ)သက်နိုင်ထွန်း(ခ)သက်နိုင်၊ Generation Z Power (PDF) မှ ဘဏ္ဍာရေးတာဝန်ခံ အကြီးကောင်(ခ)မိုးကို၊ အဖွဲ့ဝင် ဇေယျာနှင့် ကျော်စွာလင်း တို့(၄)ဦးအား အသေဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့နှင့်အတူ ပစ္စတို ၂ လက်၊ ၎င်းကျည်အိမ် ၂ ခု၊ လက်ပစ်ဗုံး ၂ လုံးတို့အား သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *