October 18, 2024

၂၈. ၁၁. ၂၀၂၃
Written by MMAK

◾ ရှက်တာဒိုးနတ် Vs အန့်ဝှက်

ရှက်တာဒိုးနတ်အသင်း အုပ်စုတက်ဖို့ မျှော်လင့်ချက် ရှိသေးသလို အုပ်စုတက်ဖို့အတွက် ဒီပွဲနိုင်ဖို့က အရေးအကြီးဆုံးပွဲစဉ် ဖြစ်လာပါပြီ။ အန့်ဝှက်အတွက်တော့ မျှော်လင့်ချက် လုံးဝမရှိတော့သလို အရေးမကြီးတော့ပါဘူး။ ပထမအကျော့တွေ့ဆုံမှု အိမ်ကွင်းပွဲစဉ်မှာ အန့်ဝှက် နှစ်ဂိုးပြတ် နိုင်နေခဲ့ပေမဲ့ ရှက်တာဒိုးနတ်အသင်း သုံးဂိုးပြန်သွင်းခဲ့လို့ ရှုံးပွဲတွေ့ခဲ့ရပါတယ်။ တစ်ပွဲနှစ်ဂိုး အနိမ့်ဆုံးပေးခဲ့ရတဲ့ အန့်ဝှက် ခံစစ်ညံ့တာ ထင်ရှားသလို အရေးမကြီးတဲ့ ပွဲစဉ်တစ်ခုကို ယှဉ်ပြိုင်ကစားရမှာပါ။ ဘာစီလိုနာကို အနိုင်ကန်ခဲ့တဲ့ ရှက်တာဒိုးနတ်အသင်း အနေနဲ့ တစ်ဂိုးနဲ့ နိုင်ရင် အပြည့်စားရမယ်ဆိုတဲ့ ကြေးဖွင့်လှစ်မှုက ပျော့နေသလို ဂိုးပေါင်းကြေး သုံးလုံးစားကလည်း ပျော့နေတာ ဖြစ်ပါတယ်။ ဒီပွဲဟာ ကြေးပေါက်ကြည့်ပြီး ရွေးရမှာမဟုတ်ဘဲ လက်ရှိခြေစွမ်း အမှတ်ရရှိထားမှုအခြေအနေကိုကြည့်ပြီး ရွေးချယ်ရမှာဖြစ်ပါတယ် ။ နိုင်ပွဲရရှိဖို့ အရေး ကြီးသလို မဖြစ်မနေ အနိုင်ကန်မဲ့ ရှက်တာဒိုးနတ်အသင်းကို ရွေးချယ်ထားချင်ပါတယ်။

◾ လာဇီယို Vs ဆဲလ်တစ်

Group -E မှာ အုပ်စုတက်ဖို့အတွက် အပြိုင်သုံးသင်းဖြစ်နေပါတယ်။ စကော့တလန်ကလပ် ဆဲလ်တစ်ကတော့ တစ်မှတ်သာရထားခဲ့လို့ ဘာမျှော်လင့်ချက်မှ မရှိတော့ပေမဲ့ လာဇီယို အသင်းအတွက်ကတော့ အနိုင်ရဖို့ လိုအပ်တဲ့ အရေးကြီးပွဲစဉ်ကစားရမှာပါ။ အိမ်ကွင်းမှာ ဆဲလ်တစ်ကို အနိုင်ကန်ထားမှ အုပ်စုတက်ဖို့အတွက် အခြေအနေကောင်းတစ်ခု ပိုင်ဆိုင်မှာပါ။ နောက်တစ်ပွဲ အဝေးကွင်းမှာ အက်သလက်တီကိုနဲ့ ကန်ရမှာ ဖြစ်တဲ့အတွက် ဒီပွဲမှာ သုံးမှတ်ရဖို့ အရေးအကြီးဆုံးဖြစ်ပါတယ်။ ပေါက်ကြေးအရလည်း ဖြစ်သင့်ဖြစ်ထိုက်တဲ့ ကြေးတန်းမျိုးဖြစ်တဲ့အတွက် အိမ်ကွင်းမှာ အနိမ့်ဆုံး တစ်ဂိုးအသာနဲ့ အနိုင်ရမဲ့ လာဇီယို အသင်းကိုပဲ ရွေးချယ်ထားရဦးမှာပါ။

◾ PSG Vs နယူးကာဆယ်

မရဏအုပ်စုလို့ သတ်မှတ်ထားတဲ့ Group – F မှာတော့ လေးသင်းလုံး မျှော်လင့်ချက်ကိုယ်စီ ရှိနေသေးတာ ဖြစ်ပါတယ်။ ပထမအကျော့ တွေ့ဆုံမှုမှာ နယူးကာဆယ်အသင်း အိမ်ကွင်းမှာ PSG ကို ဂိုးပြတ်အနိုင် ရရှိထားခဲ့ပေမဲ့ လေးမှတ်သာ ရရှိထားပါတယ်။ ဒီပွဲအနိုင်ရမှ အုပ်စုတက်ရမဲ့ အနေအထားကြောင့် အနိုင်ရဖို့အတွက် သွင်းဂိုးတွေရဖို့ လိုအပ်နေပါတယ်။PSG အသင်းအနေနဲ့ အဝေးကွင်းမှာ ဂိုးပြတ် အရှုံးပေးခဲ့ရလို့ အိမ်ကွင်းပွဲမှာ အနိုင်ရဖို့ ကြိုးစားလာမှာ သေချာပါတယ်။ ပေါက်ကြေးအရလည်း PSG အသင်း ဂိုးသွင်းနိုင်ဖို့ သေချာတယ်လို့ ဖွင့်ထားတဲ့ ကြေးတန်းပါ။ အမှတ်လိုအပ်ချက်ရှိနေတဲ့ နယူးကာဆယ် ဖွင့်ကစားလာမဲ့ အနေအထားမှာ အနိုင်ရဖို့အတွက် တိုက်စစ်ချင်းယှဉ်မဲ့ အနေအထားဖြစ်ပါတယ်။ အနိုင်အရှုံး အဖြေပေါ်အောင် ကန်မဲ့ပွဲဖြစ်သလို နှစ်ဖက်သွင်းဂိုးတွေ မြင်ရဖို့လည်း ရှိပါတယ်။ တစ်ဖက်တစ်ဂိုးစီ ပေးထားတဲ့ ပွဲဖြစ်လို့ နှစ်ဖက်သွင်းဂိုး အပေါ်ကို ရွေးချယ်ထားချင်ပါတယ်။

◾ အေစီမီလန် Vs ဒေါ့မွန်

အေစီမီလန် အမှတ်လိုအပ်ချက်ရှိသလို အိမ်ကွင်းမှာ အနိုင်ရအောင် ကန်ရမဲ့ ပွဲစဉ်ဖြစ်ပါတယ်။ ခုနှစ်မှတ်ရထားတဲ့ ဒေါ့မွန်အနေနဲ့ အဝေးကွင်းမှာ ဖွင့်ကစားဖို့ မရှိဘဲ ထိန်းထိန်းသိမ်းသိမ်းနဲ့ အေစီမီလန်အသင်းရဲ့ အမှားကို စောင့်ပြီး ကစားလာမှာ ဖြစ်ပါတယ်။ နှစ်သင်းလုံး လေးပွဲစီကစားထားပေမဲ့ နှစ်သင်းပေါင်းမှ သွင်းဂိုး ငါးဂိုးသာ ရှိထားတာ တွေ့ရပါတယ်။ အေစီမီလန်အသင်း တိုက်စစ်အားနည်းနေသလို အဓိကတောင်ပံကစားသမား ရာဖေးလီအို ဒဏ်ရာကြောင့်မပါဝင်နိုင်တဲ့ အချက်ကလည်း သွင်းဂိုးရဖို့ အဓိကပြဿနာ ဖြစ်ပါတယ်။ အေစီမီလန်အသင်းတိုက်စစ် အားနည်းနေသလို ထိန်းကစားလာမဲ့ ဒေါ့မွန်အသင်းကြောင့် သွင်းဂိုးတွေ အများကြီး မြင်ရဖို့ မရှိတဲ့ပွဲ ဖြစ်ပါတယ်။ အများဆုံး နှစ်ဂိုးလောက်သာ ဖြစ်နိုင်ခြေရှိပြီး သုံးဂိုး မရောက်နိုင်တဲ့ပွဲဖြစ်တဲ့အတွက် ဂိုးပေါင်းအောက် တစ်ခုတည်းကိုသာ ရွေးချယ်ထားသင့်ပါတယ်။

◾ ဘာစီလိုနာ Vs ပေါ်တို

နှစ်သင်းလုံး ကိုးမှတ်စီရထားပေမဲ့ အုပ်စုတက်ဖို့ မသေချာသေးပါဘူး။ ခြေစွမ်းကျဆင်းနေသလို သုံးပွဲဆက် ကြေးကျခဲ့တဲ့ ဘာစီလိုနာ ပေါ်တိုနဲ့ကျမှ ကြေးပြန်အောင်သွားမလားဆိုတာ စဉ်းစားစရာဖြစ်ပါတယ်။ နှစ်ဂိုးပြတ်မှ ကြေးအောင်မှာ ဖြစ်သလို ကပ်ပြီး အနိုင်ရလို့ ဖြစ်တဲ့ အနေအထားလည်း ရှိပါတယ်။ ပေါ်တို အသင်းမှာ ခံစစ်မှူး ပီပီနဲ့ တိုက်စစ်မှူး အီဗန်လစ်ဆင် မပါဝင်နိုင်တာကလည်း ထည့်တွက်ရမဲ့ အခြေအနေပါ။ ခြေစွမ်းကျနေသလို သုံးပွဲဆက် ကြေးကျထားတဲ့ ဘာစီလိုနာကို ရွေးချယ်ဖို့ အားလုံး တွန့် ဆုတ်နေမှာ သေချာပါတယ်။ တစ်ဂိုးနဲ့ နိုင်ရင်တောင် ပြားနှစ်ဆယ် ရှုံးဦးမှာ ဖြစ်ပေမဲ့ အနိမ့်ဆုံး ဘာစီလိုနာ တစ်ဂိုးနဲ့ နိုင်မယ်လို့ ယူဆတာကြောင့် ပြားနှစ်ဆယ် ရင်းပြီး အိမ်ရှင်ဘာစီလိုနာအသင်းကို ရွေးချယ်ထားချင်ပါတယ်။

◾ ဖီယင်နု Vs အသလက်တီကို

ဖီယင်နုအသင်းတိုက်စစ် ကောင်းသလို အသလက်တီကို အသင်းလည တိုက်စစ် ကောင်းပါတယ်။ ဘော်ဒီကြေး ဒဲ့ အနေအထားမှာ ဂိုးပေါင်းကြေးက ပိုမြင့်နေတာကို တွေ့ရပါတယ်။ ဖီယင်နုအသင်း အဝေးကွင်းမှာတောင် အသလက်တီကို အသင်းကို တိုက်စစ်ယှဉ်ကစားခဲ့တဲ့အတွက် အိမ်ကွင်းမှာလည်း တိုက်စစ်ကစားလာမှာ သေချာပါတယ်။ အသလက်တီကို အသင်းရဲ့ တိုက်စစ် ဂိုးမြူးနေပေမဲ့ ရှစ်မှတ်ရထားတဲ့ အတွက် အဝေးကွင်းမှာ ထိန်းကစားသွားမှာလားဆိုတာကတော့ စဉ်းစားချင်စရာပါ။ ဖီယင်နုအသင်း အိမ်ကွင်းမှာ လုံးဝရှုံးလို့မရသလို အနိမ့်ဆုံးသရေ ကစားထားဖို့ လိုပါတယ်။ လက်ရှိခြေစွမ်း ကောင်းနေကြသလို တိုက်စစ်လည်း ကောင်းနေကြတဲ့ နှစ်သင်းဖြစ်လို့ ပေါက်ကြေးဖော်လိုအရ ဂိုးပေါင်းအပေါ် တစ်ခုတည်းကိုပဲ ရွေးချယ်ထားစေချင်ပါတယ်။

◾ မန်စီးတီး Vs လိုက်ဇစ်

နှစ်သင်းလုံး အုပ်စုတက်သွားကြပြီ ဖြစ်သလို  လက်ရှိချန်ပီယံ မန်စီးတီး အသင်းအတွက် အုပ်စုဗိုလ် နေရာဟာလည်း သေချာသလောက် ရှိနေပါပြီ။ ဒီပွဲက အမှတ်လိုအပ်ချက် မကြည့်ရဘဲ ပေါက်ကြေးအရ ဘယ်အသင်းကြေးအောင်မလဲ ရွေးရမဲ့ပွဲဖြစ်ပါတယ်။ မန်စီးတီးအသင်း နှစ်ပွဲဆက် ကြေးကျခဲ့သလို နောက်တစ်ပတ် အမှတ်ပေးပွဲမှာ စပါးအသင်းနဲ့ ကန်ရမှာ ဖြစ်ပါတယ်။ ပထမအကျော့ လိုက်ဇစ် အိမ်ကွင်းမှာ ခြေပြတ် ဂိုးပြတ် အနိုင်ကန်ခဲ့တာကြောင့် မန်စီးတီး တကယ်ကန်ရင် နှစ်ဂိုးအသာလေးပြတ်ပါတယ်။ ချန်ပီယံလိဂ် ဖြစ်နေတာကြောင့် အလေးထားယှဉ်ပြိုင်လာမှာဖြစ်သလို မန်စီးတီးအသင်း အရံတချို့နဲ့ ပွဲထွက်ခဲ့ရင်တောင် ကစားကွက်နဲ့ အံဝင်ပြီးသား ကစားသမားတွေသာဖြစ်လို့ အိမ်ကွင်းမှာ မန်စီးတီးအသင်း ဂိုးပြတ်ကန်ပြီး ကြေးအောင်သွားမယ်လို့ ယူဆတဲ့အတွက်ကြောင့် အိမ်ရှင် မန်စီးတီးအသင်းကို ရွေးချယ်ထားချင်ပါတယ် ။

◾ ယန်းဘွိုင်း Vs ကာဗီနာ ဇဗက်ဒါ

နှစ်သင်းလုံး တစ်မှတ်စီဘဲ ရထားလို့ ချန်ပီယံလိဂ် အုပ်စုမတက်တာ သေချာနေပြီဆိုပေမဲ့ အဆင့်သုံး ရတဲ့အသင်းက ယူရိုပါလိဂ် ဆင်းကစားရမှာ ဖြစ်တဲ့အတွက် ပြိုင်ဆိုင်မှု ပြင်းထန်မဲ့ အနေအထားမှာ ရှိနေပါသေးတယ်။ ဒီပွဲနိုင်တဲ့အသင်းက အဆင့်သုံးရပြီ ယူရိုပါလိဂ် ဆင်းကစားရမယ်လို့ ကောက် ချက်ချလို့ ရပါတယ်။ ပထမအကျော့ နှစ်ဂိုးစီ သရေကျခဲ့သလို ယခုပွဲမှာလည်း ဂိုးပေါင်းကြေး မထင်ထားလောက်အောင် မြင့်တက်နေပါတယ်။ ဂိုးပေါင်းကြေး အနေအထားအရ အရှုံးအနိုင်ပေါ်အောင် ဖွင့်ကစားကြမှာဖြစ်လို့ ဂိုးပေါင်း အပေါ်ကို အကြိုက်တွေ့မိပါတယ်။ အိမ်ရှင် ယန်းဘွိုင်းအသင်း ဥရောပပြိုင်ပွဲသမ္ဘာရင့်သလို အိမ်ကွင်းလည်း ဖြစ်နေတာကြောင့် အိမ်ရှင်ယန်းဘွိုင်းအသင်းကိုလည်း ကြိုက်ပါတယ်။ ဒါကြောင့် ဒီပွဲမှာတော့ အိမ်ရှင်ယန်းဘွိုင်းအသင်းနဲ့ ဂိုးပေါ် ကို နှစ်ကျပ်ကွက်အဖြစ် ရွေးချယ်ပေးလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *