၂၇. ၁၁. ၂၀၂၃
Written by Zaw Moe
ဘီးလင်းမြို့နယ်ရှိ ရဲစခန်းနှင့် အကျဉ်းဦးစီးဌာနရှိ အကျဉ်းသားများအပါအဝင် ဝန်ထမ်းများ စခန်းအား စွန့်ခွာတိမ်းရှောင်မှုမရှိကြောင်း SAC က ယနေ့ အသိပေးသည်။
ဘီးလင်းမြို့နယ်၊ ဝင်းကနယ်မြေရဲစခန်းနှင့် တောင်စွန်း အကျဉ်းဦးစီးဌာနမှ အကျဉ်းသားများ အပါအဝင် ဝန်ထမ်းများသည် အကြမ်းဖက်သောင်းကျန်းသူများက တိုက်ခိုက်လာမည်ကို စိုးရိမ်သဖြင့် စခန်းအား စွန့်ခွာ၍ တိမ်းရှောင်သွားပြီဖြစ်ကြောင်း တရားမဝင် ပြည်ဖျက်မီဒီယာများက လူမှုကွန်ယက်စာမျက်နှာပေါ်တွင် ကောလာဟလ သတင်းများ လုပ်ကြံဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။
အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာနယ်မြေတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် တာဝန်ရှိသူများ၏ ပြောကြားချက်အရ “ဘီးလင်းမြို့နယ်ရှိ မည်သည့်ရဲစခန်းနှင့် အကျဉ်းဦးစီးဌာနတို့မှ စွန့်ခွာတိမ်းရှောင်မှုများ မရှိကြောင်းနှင့် သတင်းအမှားသာဖြစ်ကြောင်း” သိရှိရကြောင်း ထုတ်ပြန်ထားသည်။