October 19, 2024

MT News

Written by Hey Mar

လယ်ထွန်စက်ပျက်၍ ပြင်ဆင်ပေးရန် လာရောက်ခေါ်ဆောင်သူများက သတ်ဖြတ် လုယက်မှု ပဲခူးတိုင်းဒေသကြီးအနောက်ခြမ်းတွင် နိုဝင်ဘာ ၂၀ရက် ညနေ ၅ နာရီအချိန့်တွင် ဖြစ်ပွားခဲ့ကြောင်းနှင့် ပြစ်မှု ကျူးလွန်သူများကို ၂၄ နာရီအတွင်း ဖမ်းဆီးရမိခဲ့ကြောင်း သာယာဝတီ ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ဖြစ်စဥ်မှာ နိုဝင်ဘာ ၂၀ ရက်နေ့ ညနေ ၅ နာရီခွဲအချိန် အုတ်ဖိုမြို့နယ်၊ အိုးသည်ကုန်း၊ ကင်ပွန်းခြုံအုပ်စု၊ ချောင်းနားကျေးရွာနေ ဦးစံမင်း၏ နေအိမ်သို့ လူ ၄ ဦး ရောက်ရှိလာပြီး လယ်ထွန်စက်ပျက်နေသဖြင့် လိုက်ပါကူညီပေးရန် အကူအညီတောင်းခံသဖြင့် ဆိုင်ကယ်ဖြင့်တစ်ဦးအားလိုက်ပို့စဥ် ကျန်လူ ၃ ဦးမှ နေအိမ်အတွင်းသို့ ဝင်၍ ဦးစံမင်း၏ ဇနီးဖြစ်သူ ဒေါ်နီနီဝင်းထံမှ ရွှေထည် ၂ ကျပ်သားခန့်ရှိ ရွှေဆွဲကြိုး ၁ ကုံးနှင့် ငွေကျပ် သိန်း ၅၀ ခန့် အား ဝင်ရောက်လုယက် ယူဆောင်ပြီး ဦးစံမင်း ကိုလည်း လမ်းဘေးတွင်သတ်ဖြတ်ကာ ဆိုင်ကယ်အားယူဆောင်သွားခဲ့ကြောင်း ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြစ်မှုကျူးလွန်သူများကို ပဲခူးတိုင်းအနောက်ခြမ်း သာယာဝတီခရိုင်ရဲတပ်ဖွဲ့မှူးကြီး ဦးဆောင်ပြီး ရပ်ရွာရှိပြည်သူလူထုနှင့် ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းဖမ်းဆီးမှုဖြင့် တရားခံ ၄ ဦးနှင့် သက်သေခံပစ္စည်းများနှင့်အတူ ၂၄နာရီအတွင်းလက်ရဖမ်းဆီးရရှိခဲ့သည်ဟု သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *