October 19, 2024

MT News

၂၇. ၁၁. ၂၀၂၃

ပြည်သူ့ရင်ပြင်မှာ တန်ဆောင်တိုင်စျေးရောင်းပွဲတော်အဖြစ် ကျင်းပနေတဲ့ ထုတ်ကုန်စက်ပစ္စည်းတွေနဲ့ နည်းပညာပြပွဲဟာ ရန်ကုန်မြို့မှာ လမ်းပေါ်လူမထွက်ရဲအောင် ခြောက်လှန်ထားသူတွေအတွက်တော့ အင်မတန်များတဲ့ လူထုပျော်ပွဲလို့မြင်မှာပါ။

၅၀၀၀ စားတွေ ခေါ်ထားတယ်ပြောရအောင်ကလည်း လွတ်လပ်ပေါ့ပါးစွာ အေးချမ်းနေတဲ့ဒီလူထုက ငါတို့ခြိမ်းခြောက်တာ မမြင်ဘူးလားလို့ မလိုသူတွေတွေးမိကြနိုင်သလို စစ်ကိုခေါ်ရင် စစ်လာပြီး ငြိမ်းချမ်းပျော်ရွှင်မှုရှာရင် ငြိမ်းချမ်းအေးမြမှုလာတာကိုလည်း ခွဲခြားမြင်နိုင်မှာပါ။

အနိဌာရုံနှစ်လိုသူတွေ ကြိုလင့်တဲ့ စစ်မြေပြင်ဟာ သေပန်း၊ အင်္ဂါမစုံတဲ့ပန်းနဲ့ ဘဝပျက်တဲ့ပန်းတွေ ကြိုလင့်နေသလို ဣဌာရုံလိုချင်တဲ့ ပြည်သူအတွက်လည်း ဘာပဲမြင်မြင် ပျော်ရွှင်ကပြ စိတ်ချမ်းသာရမှု ​ကြိုလင့်တယ်ဆိုတာ ပြည်သူ့ရင်ပြင်က ဒီမြင်ကွင်းသက်သေပါပဲ။ အနိဌာရုံလိုချင်လား၊ ဣဌာရုံလိုချင်လားဆိုတာကတော့ မြို့နေပြည်သူလူထုရဲ့ အသိဉာဏ်နဲ့ ရွေးချယ်မှုကပဲ….။

Leave a Reply

Your email address will not be published. Required fields are marked *