October 19, 2024

◾ မြန်မာ-တရုတ် နှစ်နိုင်ငံအစိုးရနှင့် တပ်မတော်များအကြား ခိုင်မာသည့် ချစ်ကြည်ရင်းနှီးမှုရှိဟု ဆို

၂၇. ၁၁. ၂၀၂၃

Written by Nyein Kyaw

မြန်မာနိုင်ငံအတွင်း ချစ်ကြည်ရေးနှင့် လေ့လာရေးခရီးစဉ်များအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တပ်မတော် (ရေ)၏ စစ်အင်အား ၇၀၀ ခန့်ပါရှိသည့် စစ်သင်္ဘော ၃ စီး ရန်ကုန်မြို့သို့ ယနေ့ နေ့လည်ပိုင်းက ရောက်ရှိခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ပြောရေးဆို ခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

“တရုတ်ပြည်သူ့သမ္မတနိုင်ငံက မြန်မာနိုင်ငံကို ချစ်ကြည်ရေးခရီး အလည်အပတ် ရောက်ရှိနေတဲ့ စစ်သင်္ဘော ၃ စင်းဟာ ဒီနေ့ နေ့လည်ပိုင်းမှာ ရန်ကုန်ကို ရောက်ရှိခဲ့ပါတယ်။ အဲဒီစစ်သင်္ဘောအုပ်စုထဲမှာတော့ ဖျက်သင်္ဘောအမျိုးအစား Destroyer အမျိုးအစား သင်္ဘော ၁ စင်း၊ ဖရီးဂိတ်သင်္ဘော ၁ စင်းနဲ့ ထောက်ပံ့ပို့ဆောင်ရေး ရေယာဉ် ၁ စင်း၊ ၃ စင်းပါခဲ့ပါတယ်။ စစ်သည်အင်အား ၇၀၀ ဦးခန့် ပါရှိကြောင်းလည်း တွေ့ရှိရပါတယ်။ ရန်ကုန်မှာ ကျွန်တော်တို့ မြန်မာ့တပ်မတော်(ရေ)မှ အဆင့်မြင့်အရာကြီးများ၊ တရုတ်-မြန်မာ ချစ်ကြည်ရေးအသင်းအဖွဲ့များ၊ ပြီးရင် တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ သံရုံးနဲ့ စစ်သံရုံးမှ တာဝန်ရှိသူများအနေနဲ့ လှိုက်လှဲစွာ ကြိုဆိုခဲ့ကြောင်း တွေ့ရပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

This image has an empty alt attribute; its file name is 406241361_122139050438030934_5737245425337040801_n.jpg

မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ စစ်ရေယာဉ် ၃ စီးတွင် ပါဝင်ခဲ့သည့် စစ်သည်များအနေဖြင့် မြန်မာနိုင်ငံအတွင်း ချစ်ကြည်ရေးလည်ပတ်မှု၊ လေ့လာရေးနှင့်နိုင်ငံချစ်ကြည်ရေး အားကစားပြိုင်ပွဲများကို ပြုလုပ်သွားမည်ဖြစ်ပြီး မြန်မာ-တရုတ် နှစ်နိုင်ငံ၏ မဟာဗျူဟာ မိတ်ဖက်နိုင်ငံများအဖြစ် နှစ်နိုင်ငံအစိုးရနှင့် တပ်မတော်များအကြား ချစ်ကြည်မှုကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *