October 19, 2024

၂၈. ၁၁. ၂၀၂၃
Written By Thandar

အိမ်ထောင်ကျသွားပေးမယ့် ပရိသတ်အားပေးမှု အခိုင်အမာရရှိထားတဲ့ သရုပ်ဆောင် ပိုးကြာဖြူခင်ရဲ့ ခင်ပွန်း အစာအိမ်သွေးကြောပေါက်တာကြောင့် အရေးပေါ်ဆေးရုံတက်ရောက်ပြီး ဆေးကုသမှုခံယူနေရတဲ့ ခင်ပွန်းကို စိတ်ပူနေတယ်လို့ဆိုပါတယ်။

“ဒီလောက် ခံစားနေရတာတောင် မိန်းမ တယောက်ထဲ အိပ်ရမှာစိုးလို့ အိမ်ပြန်လာချင်တယ်တဲ့။ နက်ဖြန် တစ်နှစ်ပြည့်လေး မနက်ထဲက ဆေးရုံလာစောင့်မယ်နော် ကိုကို။ အစာအိမ်ရောဂါကြောင့် ဆေးရုံတက်နေရတဲ့ ကိုကို့အတွက် အလှူလေးလုပ်ပေးဖြစ်တာပါ။ ကိုကို အမြန်ဆုံး ကျန်းမာပါစေ။ တန်ဆောင်တိုင်လပြည့်ညအလှူငွေ ၁၀ သိန်းပါရှင်။ ကျန်းမာချမ်းသာကြပါစေ “လို့ သရုပ်ဆောင် ပိုးကြာဖြူခင်က ဆိုပါတယ်။

This image has an empty alt attribute; its file name is photo_2023-11-28_09-51-40.jpg

သူမကတော့ တန်ဆောင်တိုင် လပြည့်နေ့မှာ ကျပ် ၁၀သိန်းကို အိမ်ရှေ့ကနေကြဲပြီး ခင်ပွန်းဖြစ်သူ မြန်မြန်ကျန်းမာလာစေဖို့ ရည်ရွယ် လှူဒါန်းခဲ့တယ်လို့ ဆိုပါတယ်။

ပိုးကြာဖြူခင်ကတော့ စတွေ့တာ ဒီနေ့တစ်နှစ်ပြည့်တဲ့ ကိုထွန်းနဲ့ ဧပြီ ၁၁ ရက်က လက်ထက်ခဲ့ပြီး ၇ လအကျော် နိုဝင်ဘာ ၁၆ ရက်က ရင်သွေးငယ်လေးကို မွေးဖွားထားသူဖြစ်သလို သူမအကြောင်းကို စပ်စုနေရတာ ပင်ပန်းမှာစိုးလို့ ကိုယ်တိုင်အလင်းပြမယ်နော်လို့ဆိုကာ စတွေ့တဲ့နေ့စွဲကစလို့ တစ်နှစ်တာအတွင်းဖြစ်ပျက်ခဲ့သမျှ အချက်အလက်တွေချပြထားသူလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *