October 19, 2024

၂၈. ၁၁. ၂၀၂၃
Written by Nay Moe

မိုးကုတ်မြို့နယ်ရှိ Denko ဆီဆိုင်အား PDF များက မီးရှို့ဖျက်ဆီးသည့်အပြင် မိုင်းထောင်ခဲ့မှုဖြစ်ပွားခဲ့သည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ဖြစ်စဥ်မှာ နိုဝင်ဘာ ၂၅ ရက် နံနက် ၆ နာရီ ၁၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်၊ ခြင်္သေ့ရေကျေးရွာရှိ DENKO ဆီဆိုင်သို့ မျက်နှာဖုံးများဝတ်ဆင်ထားသည့် PDF အင်အား ၁၀ ဦးရောက်ရှိလာပြီး ဆီဆိုင်ရှိဝန်ထမ်းများအား သေနတ်ပြခြိမ်းခြောက်၍ ဆိုင်အပြင်ဘက်သို့ ထွက်ခိုင်းကာ ဆီဆိုင်အား မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးသွားခဲ့သဖြင့် ပေါက်ကွဲမှုဖြစ်ပွားကာ မီးလောင်နေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်မီးငြှိမ်းသတ်ခဲ့ရာ ၃၀ မိနစ် အကြာတွင် မီးငြိမ်းသွားခဲ့သည်။

မီးလောင်မှုကြောင့် ဆီဆိုင်ရှိ Prime Pump တစ်လုံး၊ Napsal Pump နှစ်လုံးနှင့် ဆီဆိုင်နှင့်တွဲလျက်ရှိ Mini Mart ဈေးဆိုင်မှ ပစ္စည်းများမီးလောင်ပျက်ဆီးဆုံးရှုံးခဲ့ကြောင်းနှင့် အဆိုပါဆီဆိုင်ရှိ ဆီပန့်တစ်ခုနှင့် ဆီလောင်ကန်သုံးခုတို့တွင် ထောင်ထားသည့် လက်လုပ်မိုင်းလေးလုံး၊ တရုတ်ကြိုးဆွဲလက်ပစ်ဗုံး ၁ လုံးတို့အား ထပ်မံတွေ့ရှိရသဖြင့် သက်မဲ့ပြုလုပ် ရှင်းလင်းခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *