၂၆. ၁၁. ၂၀၂၃
Written by Nay Aung
မြန်မာနိုင်ငံရှိ အမျိုးသမီးအားလုံး၏ ၆၈ ရာခိုင်နှုန်းက ၎င်းတို့နေထိုင်ရာပတ်ဝန်းကျင် သို့မဟုတ် မြို့အတွင်းသို့ ညအချိန်တစ်ဦးတည်း လမ်းလျှောက်သွားလာရာတွင်လုံခြုံမှုမရှိဟု ခံစားနေရကြောင်း ကုလသမဂ္ဂအဖွဲ့အစည်းဖြစ်သော UNDP နှင့် MIMU အဖွဲ့တို့ ပူးပေါင်းထုတ်ပြန်သည့် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် အာဏာအငြင်းပွားမှုများဖြစ်ပွားခဲ့ပြီးနောက်ပိုင်း အမျိုးသမီးများနှင့်မိန်းကလေးများအပေါ် ကျားမ ခွဲခြားမှုနှင့် လုံခြုံရေးများကို သက်ရောက်မှုများရှိလာခဲ့သည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အမျိုးသမီး ၃၅ ရာခိုင်နှုန်းသည် ၎င်းတို့အိမ်တွင် ညအချိန်တစ်ယောက် တည်းရှိနေချိန်၌ပင် ဘေးကင်းလုံခြုံမှုရှိသည်ဟု မခံစားရကြောင်း UNDP နှင့် MIMU အဖွဲ့တို့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် မြန်မာနိုင်ငံရှိ အသက် ၁၅ နှစ်နှင့် ၄၉ နှစ်အရွယ်ကြားရှိ အိမ်ထောင်သည် ၅ ဦးတွင် တစ်ဦးသည်သာ အိမ်ထောင်ဘက်ခင်ပွန်း၏ ရင်းနှီးချစ်ခင်သည့်ပုံစံမျိုးဖြင့် ဆက်ဆံခံရကြောင်း၊ အသက် ၁၅ နှစ်နှင့် ၁၉ နှစ်အရွယ်ကြားရှိ မိန်းကလေး ၈ ရာခိုင်နှုန်းသည် ရုပ်ပိုင်းဆိုင်ရာနှင့်လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ တွေ့ကြုံခံစားရကြောင်း UNDP နှင့် MIMU တို့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် ပြီးခဲ့သော သုံးနှစ်အတွင်း လက်နက်ကိုင်ပဋိပက္ခများဖြစ်ပွားလာခြင်းကြောင့် လူပေါင်း ၂ သန်းကျော် နေရပ်စွန့်ခွာခဲ့ရပြီး အဆိုပါအရေအတွက်၏ ၅၃ ရာခိုင်နှုန်းကျော်က အမျိုးသမီးနှင့်မိန်းကလေးများဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံရှိအမျိုးသမီးနှင့် မိန်းကလေးအရေအတွက် ၉ သန်းခန့်သည် လူသားချင်းဆိုင်ရာ စာနာမှုအကူအညီများချက်ချင်းလိုအပ်နေကြောင်း UNDP နှင့် MIMU တို့၏ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
Ref; reliefweb: ; Photo – Credit