၂၆. ၁၁. ၂၀၂၃
Written by Nay Aung
COVID-19 ကပ်ရောဂါ စတင်ဖြစ်ပွားချိန်မှစ၍ မြန်မာနိုင်ငံရှိ အမျိုးသမီး ငါးဦးတွင် တစ်ဦးသည် အကြမ်းဖက်မှုများကို ကြုံတွေ့ခံစားခဲ့ရကြောင်း နိုင်ငံတဝှမ်း ဆင်းရဲမွဲတေမှု မြင့်မားလာပြီး စီးပွားရေးတွင် အကြပ်အတည်းများလာခြင်းကလည်း အမျိုးသမီးများအတွက် အကြမ်း ဖက်မှုအန္တရာယ်ကို ဖြစ်နိုင်ခြေမြင့်မားစေခဲ့ကြောင်းကုလသမဂ္ဂ အဖွဲ့စည်းတစ်ခုဖြစ်သော UNDP က သတင်းထုတ်ပြန်လိုက်သည်။
အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပေါ် မိသားစုအတွင်းနှင့် လူမှုအသိုင်းအဝိုင်းအတွင်း အကြမ်းဖက်မှုသည် ၎င်းတို့၏ လူမှုရေးနှင့် အသက်မွေးဝမ်းကြောင်းဆိုင်ရာလုပ်ဆောင်မှုများတွင် ပါဝင်လုပ်ဆောင်နိုင်မှုကို ဟန့်တားစေပြီး ဘဝတက်လမ်းအတွက် အလားအလာ အပြည့်အဝ မရရှိနိုင်အောင် တားဆီးလိုက်ကြောင်း ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ်က ပြောသည်။
အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပေါ် အကြမ်းဖက်မှုများသည် လူအများအား အသိပညာပေးကာ အမူညအကျင့် ပြောင်းလဲခြင်း၊ ကျား-မ အခြေပြု အကြမ်း ဖက်မှုမှလွတ်မြောက်လာသူများကို ပံ့ပိုးကူညီခြင်းနှင့် တရားဥပဒေဆိုင်ရာ ဝန်ဆောင်မှုများ ရရှိနိုင်အောင် လုပ်ဆောင်သည့် ကြိုတင်ကာကွယ်ရေး လှုပ်ရှားမှုများမှတစ်ဆင့် ကိုင်တွယ်ဖြေရှင်းနိုင်ရမည်ဖြစ်ကြောင်း UNDP က ဖော်ပြထားသည်။
UNDP သည် မြန်မာနိုင်ငံတွင် ၂၀၂၂ ခုနှစ် စက်တင်ဘာမှ ၂၀၂၃ ခုနှစ် စက်တင်ဘာလအတွင်း ကျား-မ အခြေပြု အကြမ်းဖက်မှုမှ လွတ်မြောက်လာသည့် အမျိုးသမီး ၁၅၀၀ ကျော်ကိုကူညီပံ့ပိုးပေးခဲ့ပြီး ကျား-မ အခြေပြု အကြမ်းဖက်မှုဆိုင်ရာများတွင် ဥပဒေရေးရာ အထောက် အကူပေးသူ အမျိုးသမီး ၉၀ ကျော်ကိုလည်း သင်တန်းပို့ချပေးခဲ့ကာ လူပေါင်း ၁ ဒသမ ၈၅ သန်းအတွက် စားဝတ်နေရေးကို ပံ့ပိုး၍ ဆင်းရဲမွဲတေမှုကို လျော့ချရန် ကူညီပေးခဲ့နိုင်ခဲ့သလို စီးပွားရေးဆိုင်ရာ ကြပ်တည်းမှုနှင့် ဆက်စပ်သော ကျား-မ အခြေပြုအကြမ်းဖက်မှု အန္တရာယ်များကို လျှော့ချနိုင်ခဲ့ကြောင်း UNDP က ပြောသည်။
Ref; UNDP ; Photo – Credit