၂၅. ၁၁. ၂၀၂၃
Written by Nay Moe
ချင်း PDF ပူးပေါင်းတပ်တွေက အိန္ဒိယ-မြန်မာနယ်စပ်ဂိတ်၊ ရိဒ်ခေါဒါရ်မြို့ကို နိုဝင်ဘာ ၁၃ ရက်ကစ သိမ်းပိုက်ထားအပြီး ရက်သတ္တပတ်နှစ်ပတ်မပြည့်ခင်မှာ မြန်မာနိုင်ငံလို့ ကမ္ဘာကအသိအမှတ်ပြုထားတဲ့ အသိအမှတ်ပြု “REPUBLIC OF THE UNION OF MYANMAR” ဆိုင်းဘုတ်ကို ဖြုတ်ချလိုက်ပြီး”WELCOME TO CHINLAND” ဆိုင်းဘုတ် ပြောင်းလဲတပ်ဆင်လိုက်ပြီလို့ သိရပါတယ်။
ရိဒ်ခေါဒါရ်မြို့နဲ့ အနားက တပ်စခန်းနှစ်ခုကို ချင်းလက်နက်ကိုင်အဖွဲ့က သိမ်းအပြီးမှာ လုံခြုံရေးတပ်ဖွဲ့ဝင် ၄၃ ဦး အိန္ဒိယနိုင်ငံဘက်တိမ်းရှောင်ခဲ့သလို မြို့ကိုသိမ်းလိုက်တဲ့ ချင်းလက်နက်ကိုင်တွေကလည်း နယ်မြေရှင်းလင်းရေးလုပ်ရင်း ချင်းအလံကို စိုက်ထူခဲ့ပါတယ်။
ဒါ့အပြင် ချင်းအလံနဲ့အတူ မြန်မာနိုင်ငံလို့ ကမ္ဘာကအသိအမှတ်ပြုထားတဲ့ အသိအမှတ်ပြု “REPUBLIC OF THE UNION OF MYANMAR” ဆိုင်းဘုတ်ကို ဖြုတ်ချလိုက်ပြီး”WELCOME TO CHINLAND” ဆိုင်းဘုတ် ပြောင်းလဲတပ်ဆင်လိုက်သလို CNF နဲ့ HPO/CDF Hualngoram တို့ပူးတွဲပြီး ရိဒ်ခေါဒါရ်မြို့ကို ပြည့်သူ့အုပ်ချုပ်ရေးလုပ်ငန်း စတင်ဖော်ဆောင်ပြီလို့လည်း CNF က နိုဝင်ဘာ ၂၂ ရက်မှာ ကြေညာထားပါတယ်။
ရိဒ်ခေါဒါရ်မြို့ဟာ အိန္ဒိယနယ်စပ်မြို့ ဇို့ခေါသာရ်မြို့နဲ့ ဘေးချင်းကပ်တည်ရှိပြီး တံတားတစ်စင်းနဲ့ဆက်သွယ်ထားသလို နယ်စပ်ကုန်သွယ်ရေးအတွက်လည်း အရေးပါတဲ့အပြင် အသည်းပုံရိဒ်ရေကန်ကြောင့် ကမ္ဘာကသိတဲ့နယ်စပ်မြို့ဖြစ်ပါတယ်။
Photo – Zalen & Zofa Journal