MT News
၂၅. ၁၁. ၂၀၂၃
စင်္ကာပူမြို့ပြကာကွယ်ရေးတပ်ဖွဲ့ (Singapore Civil Defense Force) ဖိတ်ခေါ်မှုနဲ့ စင်ကာပူနိုင်ငံမှာ နိုဝင်ဘာ ၂၀ ရက်ကနေ ၂၅ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့တဲ့ နိုင်ငံတကာ မီးငြှိမ်းသတ်ရေးနဲ့ ရှာဖွေကယ်ဆယ်ရေးစွမ်းရည်ပြိုင်ပွဲ(Singapore-Global Firefighters & Paramedics Challenge -SGFPC 2023) မှာ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က မီးသတ်တပ်ကြပ်ကြီးထွန်းနေဝင်းက တတိယဆု ဆွတ်ခူးနိုင်ခဲ့ပါတယ်။
ဒီ SGFPC 2023 ပြိုင်ပွဲကို စင်ကာပူနိုင်ငံအပါအဝင် ယူကေ၊ ဩစတေးလျ၊ မကာအို၊ လူဇင်ဘက်၊ ထိုင်း၊ ဘရူနိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဗီယက်နမ်၊ ဟောင်ကောင်စတဲ့ နိုင်ငံပေါင်း ၁၃ နိုင်ငံက နိုင်ငံတကာမီးသတ်တပ်ဖွဲ့ဝင်တွေနဲ့အတူ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က မီးသတ်တပ်ဖွဲ့ဝင်တွေက နိုင်ငံကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။
SGFPC 2023 စွမ်းရည်ပြိုင်ပွဲမှာပါဝင်တဲ့ တစ်ဦးချင်းနဲ့ အဖွဲ့လိုက်ပြိုင်ပွဲတွေကို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်တွေက ပါဝင်ယှဉ်ပြိုင်ခဲ့ရာမှာ Braveheart (Individual) (၁)ဦးချင်း ပြိုင်ပွဲမှာ မီးသတ်တပ်ကြပ်ကြီး ထွန်းနေဝင်းက နိုင်ငံတကာက မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ယှဉ်ပြိုင်ခဲ့ရပြီး နောက်ဆုံးအဆင့် ၄ ဦး ယှဥ်ပြိုင်ဖို့ ရွေးချယ်ခံခဲ့ရတာပါ။
Braveheart(Individual) ပြိုင်ပွဲဟာ မီးသတ်သမားတစ်ဦးရဲ့ ကိုယ်ခန္ဓာကြံ့ခိုင်သန်စွမ်းမှု၊ ခိုင်မြဲသောဇွဲလုံ့လနဲ့ နည်းစနစ်ပိုင်းကျွမ်းကျင်မှုတို့ကို အဓိက ယှဉ်ပြိုင်ရတဲ့ ပြိုင်ပွဲဖြစ်ပြီး ဒီလိုမျိုး ကမ္ဘာ့နိုင်ငံကြီးတွေနဲ့ ဆန်ခါတင် ဝင်ပြိုင်ရာက မီးသတ်တပ်ကြပ်ကြီးထွန်းနေဝင်းက တတိယဆုဆွတ်ခူးရရှိခဲ့တာကြောင့် မြန်မာနိုင်ငံအတွက် ဂုဏ်ယူစရာဖြစ်သလို မီးသတ်တပ်ဖွဲ့ကလည်း ဂုဏ်ယူကြောင်းတရားဝင်ထုတ်ပြန်ထားတာ တွေ့ရပါတယ်။