October 23, 2024

၂၁. ၁၁. ၂၀၂၂
Written by Min Mahar

မန္တလေးမြို့တွင် ယနေ့နံနက်ပိုင်းက မပေါက်ကွဲသေးသည့် လက်လုပ်မိုင်းတစ်လုံး ဆိုင်ပိတ်ထားသော လက်ဖက်ရည်ဆိုင်ရှေ့တွင်တွေ့ရှိခဲ့ပြီး သက်ဆိုင်ရာမှ စစ်ဆေးသိမ်းဆည်းသွားကြောင်း မြို့ခံများထံမှ သိရသည်။

ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ် ၊ ကန်ကောက်ရပ်ကွက် ၊ ၃၅ လမ်း ၊ ၅၅လမ်းနှင့် ၅၆ လမ်းကြားရှိ ဆိုင်ပိတ်ထားသော ကောင်းစုဝေလက်ဖက်ရည်ဆိုင်ရှေ့တွင် မပေါက်ကွဲသေးသည့် လက်လုံးမိုင်းတစ်လုံး နိုဝင်ဘာလ ၂၁ ရက် ယနေ့နံနက်ပိုင်းက လမ်းလျှောက်ပြည်သူတစ်ဦးမှ စတင်တွေ့ရှိပြီး သက်ဆိုင်ရာမှ လာရောက်သိမ်းဆည်းသွားကြောင်း သိရသည်။

“မနက်အစောပိုင်းက ၃၅ လမ်းပေါ်မှာ မပေါက်ကွဲသေးတဲ့ မိုင်းတစ်လုံးကို လမ်းလျှောက်ထွက်တဲ့ ပြည်သူတစ်ဦးက စတွေ့လို့ သက်ဆိုင်ရာကိုအကြောင်းကြားလိုက်တာ ခဏနေတော့ရောက်လာပြီး အဲဒီမိုင်းကို သိမ်းသွားကြတယ်” ဟု မိုင်းတွေ့သည့်အနီးတွင် နေထိုင်သူတစ်ဦးက ဆိုသည်။

အဆိုပါမိုင်းကို PVC ပိုက်ဖြင့် ဖြင့်ပြုလုပ်ထားပြီး အချင်း ၁ ဒသမ ၅ လက်မခန့်၊ အရှည် ၄ လက်မခန့်ရှိ မီးရှို့စနက်တံပါလက်လုပ်မိုင်း ၃ ခုအား တိတ်အဖြူဖြင့်ပတ်ထားသည့် ပေါက်ကွဲခြင်းမရှိသော လက်လုပ်မိုင်းဖြစ်သည်။

၎င်းမိုင်းကိုမည်သူက လာရောက်ပစ်ခတ်သွားသည်ကို သက်ဆိုင်ရာမှ စုံစမ်းစစ်ဆေးမှုများပြုလုပ်ခြင်း၊ အနီးရှိ CCTV မှတ်တမ်းများအား လိုက်လံကြည့်ရှူခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *