October 19, 2024

၂၄. ၁၁. ၂၀၂၃

Written by Nyein Kyaw

ကမ္ဘာ့ရွှေဈေး မြင့်တက်လာမှုကြောင့် ပြည်တွင်းရွှေဈေး ငါးရက်အတွင်း ကျပ် ၆၅,၀၀၀ မြင့်တက်ခဲ့ပြီး ယနေ့တွင် အခေါက်ရွှေတစ်ကျပ်သား ကျပ် ၃,၆၄၀,၀၀၀ ဖြစ်ပေါ်ခဲ့သည်။

နိုဝင်ဘာ ၂၄ ရက် ယနေ့တွင် ကမ္ဘာ့ရွှေဈေးသည် တစ်အောင်စကို ၁၉၉၄ ဒေါ်လာသို့ မြင့်တက်ခဲ့ပြီး နိုဝင်ဘာ ၂၀ ရက်နှင့်နှိုင်းယှဉ်လျှင် ၁၄ ဒေါ်လာမြင့်တက်လာခဲ့သည်။ တစ်ဒေါ်လာ ၃၅၀၀ ဖြစ်ပေါ်ခဲ့သည့် ဒေါ်လာဈေးနှုန်း ၃၄၂၅ ကျပ်သို့ အနည်းငယ်ကျဆင်းလာခဲ့သည်။

ပြည်တွင်းရွှေဈေးနှုန်းသည် နိုဝင်ဘာ ၁၇ ရက်တွင် ကျပ် ကျပ် ၃၈ သိန်းနီးပါးအထိ မြင့်တက်ခဲ့ရာမှ နိုဝင်ဘာ ၂၀ ရက်တွင် ကျပ် ၃,၅၈၅,၀၀၀ (ကျပ် ၃၆ သိန်းအောက်) သို့ ပြန်လည်ကျဆင်းလာခဲ့သော်လည်း ကမ္ဘာရွှေဈေးနှုန်း ပြန်လည်မြင့်တက်လာမှုကြောင့် ယနေ့တွင် ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၃,၆၄၀,၀၀၀ သို့ ပြန်လည်မြင့်တက်လာခဲ့ခြင်းဖြစ်သည်။

ပြင်ပဈေးကွက်တွင် ရွှေဈေးနှုန်းနှင့် ဒေါ်လာဈေးနှုန်းများမှာ နိုဝင်ဘာ ၂၀ တွင် ရွှေဈေးနှုန်း ၃,၅၈၅,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၃,၅၀၀ ကျပ်၊ နိုဝင်ဘာ ၂၁ ရက်တွင် ရွှေဈေးနှုန်း ၃,၆၂၀,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၃,၄၅၀ ကျပ်၊ နိုဝင်ဘာ ၂၂ ရက်တွင် ရွှေဈေးနှုန်း ၃,၆၂၀,၀၀၀ ကျပ်၊ ငွေလဲလှယ် နှုန်း တစ်ဒေါ်လာ ၃,၄၀၀ ကျပ်၊ နိုဝင်ဘာ ၂၃ ရက်တွင် ရွှေဈေးနှုန်း ၃,၆၅၀,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၃,၄၂၅ ကျပ် ဖြစ်ပေါ်ခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *