October 19, 2024

၂၄. ၁၁. ၂၀၂၃
Written by Nay Moe

မြို့သိမ်းတိုက်ပွဲဆင်နွှဲနေသည့် KNU နှင့် PDF လက်နက်ကိုင်များက ကော့ကရိတ်မြို့တွင်းသို့ ပစ်ခတ်၍ နှစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရမှုဖြစ်ပွားခဲ့သည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဥ်မှာ နိုဝင်ဘာ ၂၁ ရက် နံနက် ၈ နာရီ ၁၅ မိနစ်တွင် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ရှိ ခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ဗုံးသီးစထိမှန်ဒဏ်ရာရရှိထားသည့် အမျိုးသားသုံးဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ကော့ကရိတ်မြို့ ဝင်းကြီးအမှတ်(၂)ရပ်ကွက်နေသူများဖြစ်သည့် ဦးထွန်းရင် (၇၇)နှစ်တွင် ဝဲပါးမှ ဦးခေါင်းအတွင်း ဗုံးသီးစဖောက်ဝင်ဒဏ်ရာ တစ်ချက်ဖြင့်လည်းကောင်း၊ မောင်မင်းခန့်ကျော် (၁၇)နှစ်တွင် ရင်ဘတ်ဗုံးသီးစဖောက်ဝင်ဒဏ်ရာတစ်ချက်ဖြင့်လည်းကောင်း သေဆုံးနေပြီး ကိုခန့်မိုးဦး (၂၃)နှစ်တွင် ယာပေါင်ဗုံးသီးစထိမှန်ဒဏ်ရာ တစ်ချက်ရရှိထားသည်ကို တွေ့ရှိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ဖြစ်စဉ်အား စိစစ်ခဲ့ရာ ၎င်းတို့သုံးဦးသည် နိုဝင်ဘာ ၂၀ ရက် ည ၁၀ နာရီခွဲတွင် နေအိမ်၌ရှိနေစဉ် KNU နှင့် PDF ပူးပေါင်းအဖွဲ့က ပစ်ခတ်ခဲ့သည့် လက်နက်ကြီးဗုံးသီးတစ်လုံး ဦးထွန်းရင်၏နေအိမ်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့သဖြင့် နေအိမ်အမိုးများ ထိခိုက်ပျက်စီးခဲ့ပြီး နေအိမ်အတွင်းရှိနေသည့် ဦးထွန်းရင်ပါသုံးဦးတွင် သေဆုံး၊ ဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *