October 19, 2024

၂၄. ၁၁. ၂၀၂၃
Written by Nyein Kyaw

စစ်တွေမြို့ရှိ အမှတ် (၁၂) ရဲတပ်ရင်းတွင် အခြေပြုထားသည့် လက်နက်ကြီးအထိုင်စခန်း၊ အမြောက်စခန်းအတွင်း ပေါက်ကွဲမှုဖြစ်ပြီး တပ်မတော်သား ၂ ဦးသေကာ ၈ ဦးထက်မနည်း ပြင်းထန်ဒဏ်ရာရသွားသည်ဆိုခြင်းမှာ သတင်းအမှားသာဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(SAC)၏ သတင်းထုတ်ပြန်ရေးအဖွဲ့မှ ယနေ့တွင် ထုတ်ပြန်ထားသည်။

အဆိုပါသတင်းနှင့် ပတ်သက်၍ စစ်တွေမြို့ အမြောက်စခန်းတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦး၏ ဖြေကြားချက်အရ မည်သည့်ပေါက်ကွဲမှုမှမရှိကြောင်း၊ တပ်စခန်းရှိရာနေရာတွင် လုံခြုံရေးတာဝန်များကို ပုံမှန်အတိုင်း ဆောင်ရွက်လျက်ရှိကြောင်းနှင့် သတင်းအမှားသာဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ သတင်းအမှားကို Delta News Agency သတင်းဌာနက နိုဝင်ဘာ ၂၃ ရက် (ယမန်နေ့)တွင် ဖော်ပြခဲ့ခြင်းဖြစ်ပြီး ယင်းသတင်းဌာန၏ ဖော်ပြချက်မှာ “တိုက်ပွဲများဖြစ်နေတဲ့ ပေါက်တောမြို့နဲ့ အနီးတဝိုက်သို့ လှမ်းပစ်နေတဲ့ စစ်တွေမြို့ရှိ အမြှောက်စခန်းထဲမှာ ပေါက်ကွဲမှုဖြစ်ပြီး စစ်ကောင်စီတပ်သား နှစ်ဦးသေကာ ရှစ်ဦးထက်မနည်း ပြင်းထန်ဒဏ်ရာရသွားခဲ့တယ်လို့ နီးစပ်သူတွေက ပြောပါတယ်” ဟု ဖော်ပြခဲ့ခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *