October 19, 2024

၂၄. ၁၁. ၂၀၂၃
Written by Nay Aung

မြန်မာနိုင်ငံတွင် တိုက်ပွဲများဖြစ်လာခဲ့ပြီးနောက် အွန်လိုင်းမှတစ်ဆင့် လိမ်လည်နေသည့် ဂိုဏ်းများလက်ထဲတွင် ပိတ်မိလျက်ရှိနေသည့် ဗီယက်နမ်နိုင်ငံသား ၇၀၀ ကျော်ကို ပြန်လည်ကယ်တင်နိုင်ခဲ့ကြောင်း ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Phạm Thu Hằng က ထုတ်ဖော်ပြောဆိုလိုက်သည်။

မြန်မာနိုင်ငံမြောက်ပိုင်းရှိ လူကုန်ကူးဂိုဏ်းများလက်ထဲတွင် ပိတ်မိနေသည့်အတွက် ပြန်လည်ကယ်တင်ခဲ့သောနိုင်ငံခြားသားများထဲတွင် ဗီယက်နမ်နိုင်ငံသား ၇၀၀ ကျော် ပါဝင်ခဲ့ကြောင်း ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူက ပြောသည်။ လက်ရှိအချိန်တွင် ဗီယက်နမ်နိုင်ငံသား ၇၀၀ ကျော်ကို ယာယီဘေးကင်းဇုန်များတွင် ထားရှိကာ အချို့ကို မည်သူမည်ဝါဖြစ်ကြောင်း အသေးစိတ် စစ်ဆေးနေကြောင်း၊မြန်မာနိုင်ငံမြောက်ပိုင်းရှိ ဒေသအချို့တွင် လက်နက်ကိုင်ပဋိပက္ခဖြစ်လာခဲ့ပြီးနောက် အခြေအနေများခက်ခဲရှုပ်ထွေးနေကြောင်း ၎င်းကပြောသည်။

ဗီယက်နမ်နိုင် ငံခြားရေးဝန်ကြီးဌာနသည် အဆိုပါဗီယက်နမ်နိုင်ငံသားများနှင့်ပတ်သက်ပြီး ဘေးကင်းလုံခြုံစေရန်နှင့် လိုအပ်သည်များ ကူညီပေးနိုင်ရန်မြန်မာနိုင်ငံဆိုင်ရာဗီယက်နမ်သံရုံးကို ဒေသဆိုင်ရာအာဏာပိုင်များနှင့် အနီးကပ်ပူးပေါင်းဆောင်ရွက်ရန် တိုက်ရိုက်ညွှန်ကြားထားသည်ဟု Phạm Thu Hằng ကပြောသည်။

ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် ဗီယက်နမ်နိုင်ငံသားများကို ကူညီထောက်ပံ့ပေးနိုင်ရန် မြန်မာ၊ တရုတ်နိုင်ငံရှိ ဗီယက်နမ်သံရုံးကိုယ်စားလှယ်များဖြင့် ပူးပေါင်းဆောင်ရွက်နေကြောင်း သိရသည်။

မြန်မာနိုင်ငံရှမ်းပြည်နယ်တွင် ပြီးခဲ့သောအောက်တိုဘာ ၂၇ ရက်နေ့တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တပ်မတော်ကြား တိုက်ပွဲများဖြစ်လာခဲ့ပြီးနောက် နိုင်ငံခြားသားများသည် အွန်လိုင်းအသုံးပြုကာလိမ်လည်မှုများ ကျူးလွန်နေသည့်ဂိုဏ်းများလက်ထဲတွင်ပိတ်မိနေခဲ့ပြီး ပြန်လည်ကယ်တင်ခဲ့ရကြောင်း သိရသည်။ ပြီးခဲ့သောရက်ပိုင်းကလည်း ရှမ်းပြည်နယ်မြောက်ပိုင်းတွင်ပိတ်မိနေသည့် ထိုင်းနိုင်ငံသား ၃၀၀ ကျော်ကို ပြန်လည်ကယ်ထုတ်ကာ မိခင်နိုင်ငံသို့ ပြန်လည် ပို့ဆောင်ပေးနိုင်ခဲ့ကြောင်း သိရသည်။

Ref;/ vietnamnews

Leave a Reply

Your email address will not be published. Required fields are marked *