October 19, 2024

၂၄. ၁၁. ၂၀၂၃
Written by Ye Kyaw

ရန်ကုန်တိုင်းဒေသကြီးအတွင်း CMP စနစ်ဖြင့် အဝတ်အထည်နှင့် အရုပ်အမျိုးမျိုး ချုပ်လုပ်သည့်လုပ်ငန်းအပါအဝင် ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၃ ခုကို လုပ်ကိုင်ခွင့် အတည်ပြုပေးခဲ့ကြောင်း နိုဝင်ဘာ ၂၃ ရက်တွင် ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁၁/၂၀၂၃) ကြိမ်မြောက် အစည်းအဝေးမှ သိရသည်။

အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီသည် စက်မှုကဏ္ဍတွင် ရာခိုင်နှုန်းပြည့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၂ ခုနှင့် ရာခိုင်နှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁ ခုကို အတည်ပြုပေးခဲ့ခြင်းဖြစ်ပြီး CMP စနစ်ဖြင့် အဝတ်အထည် ချုပ်လုပ်ခြင်းလုပ်ငန်း၊ ပြည်တွင်း၌ ၁၀၀ ရာခိုင်နှုန်း ရောင်းချမည့် အသင့်စားခေါက်ဆွဲခြောက် ထုတ်လုပ်ရောင်းချခြင်း လုပ်ငန်း၊ CMP စနစ်ဖြင့် အရုပ်အမျိုးမျိုး ချုပ်လုပ်ခြင်းလုပ်ငန်းတို့ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မတည်ငွေရင်း ပမာဏမှာ ကျပ် ၃ ဒသမ ၇၇၉ ဘီလျံနှင့် အမေရိကန်ဒေါ်လာ ၀ ဒဿမ ၆၀၅ သန်းဖြစ်ပြီး ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်း ၈၇၇ ဦးအတွက် အလုပ်အကိုင် ဖန်တီးပေးနိုင်မည်ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *