October 19, 2024

၂၄. ၁၁. ၂၀၂၃
Written by Nyein Kyaw

ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်သို့ ရောက်ရှိနေသည့် နယ်လှည့်ဆေးကုသရေး စစ်သင်္ဘောမှ ဇလွန်မြို့ရှိ လူငယ်များအား တပ်သားစုဆောင်းမှုများ ပြုလုပ်နေသည်ဟု မဟုတ်မမှန်သတင်းများ ထုတ်လွှင့်ပြီး တပ်မတော်နှင့် ပြည်သူများအကြား အထင်အမြင်လွှဲများအောင် ဆောင်ရွက်နေခြင်းသာဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ၏ သတင်းထုတ်ပြန်ရေးအဖွဲ့မှ ယနေ့တွင် ထုတ်ပြန်ခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်တွင် နယ်လှည့်ဆေးကုသရေး လာရောက်သည့် စစ်သင်္ဘောမှ ဇလွန်မြို့ရှိ လူငယ်များအား တပ်သားစုဆောင်းမှုများ ပြုလုပ်နေသည်ဟု Ayeyarwaddy Time မီဒီယာမှ လူမှုကွန်ရက်စာမျက်မှာပေါ်တွင် မဟုတ်မမှန်သတင်းများ ရေးသားဖော်ပြလျက်ရှိသည်ကို တွေ့ရှိရကြောင်း ထုတ်ပြန်ထားသည်။

This image has an empty alt attribute; its file name is photo_2023-11-24_12-25-53-1024x682.jpg

တပ်မတော်အနေဖြင့် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ပါရဂူများ၊ ဆရာဝန်များ၊ သူနာပြုများ ပါဝင်သော နယ်လှည့်အထူးကုဆေးအဖွဲ့ကို စုဖွဲ့၍ တပ်မတော် ပင်လယ်သွားဆေးရုံ ရေယာဉ် (သံလွင်)နှင့် တပ်မတော်မြစ်တွင်းသွားဆေးရုံ ‌ရေယာဉ်(ရွှေပုဇွန်)၊ မြစ်ရေယာဉ်(စကု)တို့နှင့်အတူ အောက်တိုဘာ ၃၁ ရက်တွင် စတင်စေလွှတ်ခဲ့ပြီး ဧရာဝတီမြစ်ကြောင်း တစ်လျှောက်နှင့် ကမ်းရိုးတန်းဒေသတစ်လျှောက်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ထိုသို့ တပ်မတော်မှ လာရောက်၍ လိုအပ်သည့် ဆေးကုသပေးနေမှုများအပေါ် ပြည်သူများအနေဖြင့် အထူးပင် ကျေနပ်ဝမ်းသာလျက်ရှိပြီး စီစဉ်ဆောင်ရွက်ပေးခဲ့သည့် တပ်မတော်အကြီးအကဲများနှင့် လာရောက်ကုသပေးလျက်ရှိသည့် ဆေးအဖွဲ့များကိုလည်း များစွာကျေးဇူတင်လျက်ရှိကြောင်း သိရှိရသည်။

ထိုသို့ ပြည်သူများနှင့် တပ်မတော် ချစ်ကြည်ရင်းနှီးမှုများအပေါ် သွေးခွဲစေလိုသော ရည်ရွယ်ချက်ဖြင့် မီဒီယာအချို့က လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် တပ်မတော်အပေါ် ပြည်သူများ အထင်အမြင်လွဲမှားစေရန်အတွက် မဟုတ်မှန်သတင်းများ ရေးသားဖြန့်ဝေခြင်းသာဖြစ်ပြီး တပ်မတော်အနေဖြင့် ပြည်သူများ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျန်းမာရေးကဏ္ဍမြှင့်တင်ပေးနိုင်ရေးအတွက် လိုအပ်သည့် ကျန်းမာရေးစောင့်‌ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *