October 19, 2024

၂၃. ၁၁. ၂၀၂၃

Written By Thandar

ဘုန်းကြီးတစ်ပါးနဲ့ ခွေးလိမ္မာလေး “ကံကောင်း” တို့ရဲ့ သံယောဇဉ်နဲ့ မေတ္တာတရားကို ထင်ဟပ်စေမယ့် မြန်မာ့ရုပ်ရှင်သမိုင်းရဲ့ ပထမဆုံး ခွေးလိမ္မာလေးအကြောင်း “ကံကောင်း” ရုပ်ရှင်ဇာတ်ကား Red Carpet Show ကို နိုဝင်ဘာ ၂၂ ရက် ညနေပိုင်းက ရန်ကုန်မြို့ သမ္မတအဆင့်မြင့် ရုပ်ရှင်ရုံမှာ ကျင်းပခဲ့ပါတယ်။

“ကျွန်တော် တခြားနိုင်ငံက ရုပ်ရှင်တွေတော့ ကြည့်ဖူးတယ်။ ချာလီဆိုတဲ့ ရုပ်ရှင်ဇာတ်ကားလိုမျိုး ကားတွေ၊ ဘောလိဝုဒ် ဟောလီဝုဒ်မှာတော့ ရိုက်တာမြင်ဖူးတယ်။ မြန်မာနိုင်ငံမှာတော့ ခွေးကို အဓိက ကာရိုက်တာနေရာထားပြီး ရိုက်တာ ကံကောင်းက ပထမဆုံးဖြစ်မယ်။ ဦးဇင်းတစ်ပါးနဲ့ ခွေးလေးရဲ့ သံယောဇဉ် အကြောင်းဆိုတော့ ထူးခြားမယ့် ဇာတ်ကားပါ။ ဒီကားကို နိုင်ငံတကာ ရုပ်ရှင်ပလက်ဖောင်း‌တွေ၊ ရုပ်ရှင်ပြိုင်ပွဲတွေမှာပါ ၀င်ပြိုင်ဖို့ စိတ်ကူးထားတယ်”လို့ ဒါရိုက်တာ ၀င်းလွင်ထက်က ပြောပါတယ်။

This image has an empty alt attribute; its file name is 402986950_122128737890040280_7002032835006205675_n.jpg

ဒီ အခမ်းအနားမှာ အဆိုတော် နီနီခင်ဇော်က “သံသရာခရီးသွား” ဇာတ်ဝင်တေးနဲ့ သီဆိုဖျော်‌ဖြေခဲ့ပြီး ဇာတ်ကားမှာပါဝင်သရုပ်ဆောင်ထားကြတဲ့ အနုပညာရှင်တချို့ တက်ရောက်ခဲ့ပါတယ်။

ခတ္တိယ ရုပ်ရှင်ထုတ်လုပ်ရေးက လူသားနဲ့ တိရစ္ဆာန်ကြားက အေးချမ်းတဲ့ မေတ္တာတရားကို ဖော်ကျူးထားပြီး မြန်မာ့ယဉ်ကျေးမူ ၊ သဘာဝရှုခင်း အလှတရားတွေကို ပိတ်ကားပြင်ထက်မှာ လာမယ့် နိုဝင်ဘာ ၂၄ ရက်ကစ မြန်မာတစ်ပြည်လုံးရှိ အဆင့်မြင့် ရုပ်ရှင်ရုံတွေမှာ ပြသမှာဖြစ်ပြီး ကမ္ဘောဒီးယား ၊ ထိုင်း ၊ ဗီယက်နမ်နိုင်ငံသုံးနိုင်ငံမှာလည်း ရုံတင်ပြသသွားမှာဖြစ်ပါတယ်။

This image has an empty alt attribute; its file name is 403203257_122128737806040280_9043232375256155047_n.jpg

အဆိုပါ ရုပ်ရှင်ဇာတ်ကား ဇာတ်ညွှန်းကို မိုးနီလွင် ရေးသားပြီး ဒါရိုက်တာ ဝင်းလွင်ထက်က သရုပ်ဆောင် ပိုင်တံခွန် ၊ ကံကောင်း ၊ အကယ်ဒမီ သူထူးစံ၊ အကယ်ဒမီ ခင်ဇာခြည်ကျော်၊ နေထွဋ်တို့နဲ့ ရိုက်ကူးထားပါတယ်။

“ကံကောင်းကို ဇာတ်လမ်းထဲမှာပါတဲ့ ဇာတ်၀င်ခန်းတွေအတွက် Trainer နဲ့ ကြိုတင်ပြင်ဆင် လေ့ကျင့်ပြီး ရိုက်ဖို့ ပြင်ဆင်ခဲ့ရတယ်။ ကံကောင်းနဲ့ ပိုင်တံခွန်ကိုလည်း ရင်းနှီးလာအောင်၊ သူ့သခင်လို့ ရင်းနှီးအောင် တံခွန်ရဲ့ အိမ်ကို ပို့ထားရတယ်။ ဒီကားထဲမှာ ပိုင်တံခွန်က သင်္ကန်းရုံထားရမှာ ဆိုတော့ ကံကောင်းက မြင်ရင် စိမ်းနေမှာဆိုးလို့ အိမ်မှာဆိုလည်း အားရင် အားသလို သင်္ကန်း ခြုံရုံထားပြီး နေခိုင်းထားတယ်။ ဒီလိုမျိုးအတွက်လည်း အချိန်ပေးရတာရှိတယ်”လို့ သူက ဆက် ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *