October 19, 2024

၂၃. ၁၁. ၂၀၂၃
Written By Thandar

ပရိသတ်စိတ်ဝင်စားမှုမြင့်တက်နေတဲ့ “ဖုန်းရွှေ” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ကန်တော့ပွဲပေးပွဲနဲ့ စတင်ရိုက်ကူးခြင်း စာနယ်ဇင်းမိတ်ဆက်ပွဲကို နိုဝင်ဘာ ၂၃ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ လသာမြို့နယ်ရှိ ခိန့်ဟုတ်ဗုဒ္ဓဘာသာဘုရားကျောင်းမှာ ကျင်းပခဲ့ပါတယ်။

“ဖုန်းရွှေနဲ့ ပတ်သက်ပြီး ရိုက်တာဖြစ်တဲ့အတွက် ဖုန်းရွှေနဲ့ ပတ်သက်တဲ့အယူအဆလေးတွေ ပြင်ဆင်ထားပါတယ်။ကျွန်‌တော့်အနေနဲ့ နံပါတ် (၁) ငါ့ ပရိသတ်ဆိုရင်ရော ဒီ ဇာတ်ကားကို ကြည့်မှာလား မေးပြီးမှ ရိုက်ကူးဖြစ်တယ်။ ကိုယ်တိုင်မှ မကြည့်ချင်ဘူးဆိုရင်တော့ ရိုက်မှာလား။ မေးခွန်း ထုတ်ပြီးမှ ရိုက်ဖြစ်တယ်။ မြန်မာ့ရုပ်ရှင်ကားတွေထဲမှ မြင်တွေ့နေကျမဟုတ်တဲ့ နေရာတွေ Location တွေပါမယ်။ တချို့ အိမ်တွေရိုက်ရမယ့် အခန်းတွေ ရှိပေးမယ့် Setting ပိုင်း သေချာပြင်ဆင်ပြီး ရိုက်ထားတယ်”လို့ ဒါရိုက်တာ ညိုမင်းလွင်က MT News Entertainment ကို ပြောပါတယ်။

This image has an empty alt attribute; its file name is photo_2023-11-23_15-21-46-682x1024.jpg

ညကျောင်းထုတ်လုပ်ရေးက ပရိသတ်တွေအတွက် ထူးခြားမှု ရသတွေ အမြဲဖန်တီးပေးလေ့ရှိတဲ့ ဇာတ်လမ်း၊ ဇာတ်ညွှန်းပိုင်းရော ဒါရိုက်တာအနေနဲ့ ညိုမင်းလွင်က သရုပ်ဆောင်သစ်တွေ ဖြစ်တဲ့ ထက်ယံပိုင် ၊ စိုးစံအောင် ၊ အေမီဈာန် ၊ ဟန်နာ့ ၊ V V Cheng ၊ မေလန်း ၊ ဇင်ဇင်ဝင်းရံ ၊ Kitty Lay ၊ ဒေါ်ချို စတဲ့သူတွေနဲ့ ရိုက်ကူးနေလျှက်ရှိတယ်လို့ သိရပါတယ်။

“ကိုညိုမင်းလွင်ရဲ့ ဖုန်းရွှေ ရုပ်ရှင်ကားမှာ ဘိုရာ နာမည်နဲ့ ပထမဆုံးခြေလှမ်းအနေနဲ့ ပါဝင်သရုပ်‌ဆောင်ရမှာမို့လည်း စိတ်လှုပ်ရှားပါတယ်။ Vlogger တစ်ယောက်အနေနဲ့ ဒီကား လုပ်ဆောင်နိုင်ပါ့မလားလို့ အများကြီးတွေးပြီး ပါဝင်ရတာပါ။ စိန်ခေါ်မှု တစ်မျိုးလည်းဖြစ်ပါတယ်”လို့ Vlogger V V Chen က ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *