October 19, 2024

၂၃. ၁၁. ၂၀၂၃
Written by Nay Moe

မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ်၊ ငရံ့ချောင်းကျေးရွာတွင် အောင်လံခရိုင် ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး အမျိုးသမီးတစ်ဦးကို PDF များက ယမန်နေ့ညဦးပိုင်းက သ-တ်-ဖြ-တ် လုပ်ကြံခဲ့သည်ဟု ကနဦးသတင်းများအရ သိရသည်။

ဖြစ်စဥ်မှာ နိုဝင်ဘာ ၂၂ ရက်၊ ည ၇ နာရီ ၄၀ မိနစ်ခန့်အချိန်က ဆင်ပေါင်ဝဲမြို့နယ်၊ ကျင်းကျေးရွာအုပ်စု၊ ငရံ့ချောင်းကျေးရွာတွင် အောင်လံခရိုင် ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူးဖြစ်သူ ဒေါ်တင်မာဌေး (၄၅) နှစ်သည် နေအိမ်တွင် ရှိနေစဉ် PDF ငါးဦးက ဆိုင်ကယ်သုံးစီးဖြင့် ရောက်ရှိလာပြီး သေနတ်နှင့်ပစ်ခတ်ခဲ့သဖြင့် ဒေါ်တင်မာဌေးတွင် ကျည်ဖောက်ဝင်ဒဏ်ရာများဖြင့် နေရာ၌ပင် သေဆုံးသွားကြောင်း သိရသည်။

နွေဦးတော်လှန်ရေးစတင်သည့်အချိန်မှ ယခုနှစ်နိုဝင်ဘာလဆန်းအထိ ကလေးသူငယ် ၂၃၀ ကျော်အပါအဝင် သံဃာတော်များ၊ နိုင်ငံဝန်ထမ်းများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ ဆရာဆရာမနှင့် ကျောင်းသားကျောင်းသူများစသည့် ပြည်သူ ၆၇၀၀ ကျော်မှာ “ဒလန်၊ သူလျှို၊ နစကယန္တရားလည်ပတ်အောင်ပြုလုပ်ပေးသူ” ဆိုသည့် စွပ်စွဲချက်များဖြင့် NLD, NUG, PDF နှင့် EAOs တို့၏ သ-တ်-ဖြ-တ်မှုခံထားရပြီး ထိုအထဲတွင် ပြည်ခိုင်ဖြိုးပါတီဝင်များ အများဆုံးသ-တ်-ဖြ-တ်ခံထားရသည်။

Leave a Reply

Your email address will not be published. Required fields are marked *