October 19, 2024

Photo – Naing Thuta
၂၃. ၁၁. ၂၀၂၃

ရွှေကျင်နိကာယဥပဥက္ကဋ္ဌမဟာနာယက၊ အဘိဓဇမဟာရဋ္ဌဂုရု၊ နိုင်ငံတော်သြဝါဒါစရိယ၊ မဟာဝိသုဒ္ဓါရုံတိုက်သစ် မဟာနာယက ကျေးဇူးတော်ရှင် ဝိသုဒ္ဓါရုံ စည်ရှင်ဆရာ တော်ကြီးဟာ(သက်တော် -၈၅၊ ဝါတော် -၆၆) ၁၃၈၅-ခု တန်ဆောင်မုန်းလဆန်း ၇ ရက် (၁၉-၁၁-၂၀၂၃) တနင်္ဂနွေနေ့ နံနက် ၉ နာရီ ၃၃ မိနစ်အချိန်မှာ ဘဝနတ်ထံ စံလွန်တော်မူခဲ့ပြီး ဒီနေ့ နိုဝင်ဘာ ၂၃ ရက်မှာ အန္တိမအဂ္ဂိစျာပနကျင်းပနေပါတယ်။

ရွှေကျင်တွဲဖက်သာသနာပိုင်စည်ရှင်ဆရာတော်ကြီးကို တပည့်သံဃာများစွာက နောက်ဆုံးအကြိမ်ဂါရဝပြု ကန်တော့ပန်းဆင်ခဲ့သလို ဆရာတော်ကြီးဆန္ဒအရ သံဃာတော်တွေနဲ့ သီလရှင်တွေထံက လှူဒါန်းမှုကို လက်မခံဘဲ ကျင်းပနေတဲ့ အန္တိမအဂ္ဂိဈာပနပူဇာကို ၃၉-လမ်းနှင့် လမ်း ၄၀-ကြား ကမ်းနားလမ်းက ဧရာဦးဆိပ်ကမ်း ဈာပနကွင်းမှာ ကျင်းပနေတာဖြစ်ပြီး နောက်ဆက်တွဲမြင်ကွင်းကို MT News က ဆက်လက်ဖော်ပြပေးပါမယ်။

Leave a Reply

Your email address will not be published. Required fields are marked *