October 19, 2024

၂၃. ၁၁. ၂၀၂၃
Written by Pan Ei

မြန်မာနိုင်ငံမှာ လူကြိုက်အများဆုံး Esports ကစားနည်းတစ်ခုလို့ ပြောလို့ရမယ့် Mobile Legends Bang Bang (MLBB) ရဲ့ World Championship M5 ပွဲစဉ်ကြီးကို ဒီဇင်ဘာ ၂ ရက်ကစပြီး ကျင်းပသွားမှာဖြစ်ပြီး ကြီးကျယ်ခမ်းနားလှမယ့် M5 စင်မြင့်ထက်မှာ ချီးမြှင့်သွားမယ့် The Greatest 10 Players of M series အတွက် Vote ပေး ရွေးချယ်ရာမှာလည်း နိုင်ငံပေါင်းများစွာက နာမည်ကြီးကစားသမားတွေ ယှဉ်ပြိုင်နေကြခြင်းဖြစ်ကာ အဲ့ဒီထဲမှာမှ မြန်မာနိုင်ငံက ပရိသတ်အချစ်တော် ကစားသမား Rubydd က ပထမနေရာကနေ ဦးဆောင်နေပါတယ်။

အရင်က Vote ပေး ရွေးချယ်ရမယ့်စာရင်းထဲမှာ မြန်မာနိုင်ငံက ကစားသမား Ace နဲ့ Ruby dd တို့ပါဝင်ခဲ့ခြင်းဖြစ်ကာ Ace က စာရင်းရဲ့ ထိပ်ဆုံးနေရာကို ရောက်ရှိခဲ့ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် စာရင်းထဲကနေ နုတ်ထွက်ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ မြန်မာနိုင်ငံက ကစားသမားအနေနဲ့ စာရင်းထဲမှာ Rubydd တစ်ယောက်ထဲသာ ကျန်ရှိနေတဲ့ အခြေအနေဖြစ်ပါတယ်။

မြန်မာ MLBB ပရိသတ်တွေရဲ့ မဆုတ်မနစ်တဲ့ ကြိုးစားအားပေးမှုတွေနဲ့အတူ Rubydd က Facebook က Vote မှာရော၊ TikTok က Vote မှာပါ ပထမနေရာကို အရယူထားနိုင်ခဲ့တာဖြစ်ပြီး Voting ကာလက ဒီဇင်ဘာ ၇ ရက်နေ့အထိ ဖြစ်လို့ မြန်မာကစားသမား Rubydd ပထမနေရာကို ထိန်းထားနိုင်ဖို့အတွက် ပရိသတ်တွေ ဆက်လက် Vote ပေးနေဖို့ လိုအပ်ပါလိမ့်မယ်။

လက်ရှိ Mythic Seal မှာ ကစားနေတဲ့ Rubydd ဟာဆိုရင် မကြာသေးမီက Light of Dawn ပြိုင်ပွဲကြီးရဲ့ နှစ်ထပ်ကွမ်း ချန်ပီယံဖြစ်ခဲ့ပြီး Light of Dawn Season 2 မှာ အကောင်းဆုံးစွမ်းဆောင်ရည်တွေနဲ့ MVP ဆုကိုဆွတ်ခူးနိုင်ခဲ့တဲ့အပြင် GG Gaming Festival မှာလည်း Mythic Seal နဲ့အတူ ချန်ပီယံဖလားကို အရယူနိုင်ထားနိုင်တဲ့ မြန်မာနိုင်ငံက နာမည်ကြီး MLBB ကစားသမားတစ်ဦးပဲဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *