October 30, 2024

၂၂. ၁၁.၂၀၂၃
Written by Nay Moe

ရမည်းသင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် နေအိမ်တွင်ရှိနေစဥ် PDF နှစ်ဦးရောက်လာပြီး နာမည်ခေါ်သဖြင့် ခြံတံခါးဖွင့်ပေးစဥ် ပစ်ခတ်ထွက်ပြေး၍ ကျည်ထိမှန်ဒဏ်ရာရမှု ဖြစ်ပွားခဲ့သည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဥ်မှာ နိုဝင်ဘာ ၁၉ ရက် ည ၆ နာရီခွဲတွင် မန္တလေး တိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့၊ ရွှေပြည်ရန်နိုင်ရပ်ကွက်နေ ရမည်းသင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးစံထွန်း (၆၉)နှစ်သည် နေအိမ်၌ရှိနေစဉ် PDF အမည်ခံနှစ်ဦး (စိစစ်ဆဲ)က ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာပြီး ဦးစံထွန်းအား ခေါ်သဖြင့် ၎င်းမှခြံတံခါးအား သွားဖွင့်ပေးစဉ် အဆိုပါ PDF နှစ်ဦးအနက်မှ တစ်ဦးက သေနတ်ဖြင့်ပစ်ခတ်ကာထွက်ပြေးသွားခဲ့သည်။

ထို့​ကြောင့် ဦးစံထွန်းတွင် ယာဘက်ပခုံးနှင့် လက်ဖျံတို့၌ ကျည်ဖောက်ဝင်ဒဏ်ရာနှစ်ချက်ရရှိခဲ့သဖြင့် တပ်မတော်ဆေးရုံ၌ တက်ရောက်ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။

နွေဦးတော်လှန်ရေးစတင်သည့်အချိန်မှ ယခုနှစ်နိုဝင်ဘာလဆန်းအထိ ကလေးသူငယ် ၂၃၀ ကျော်အပါအဝင် သံဃာတော်များ၊ နိုင်ငံဝန်ထမ်းများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ ဆရာဆရာမနှင့် ကျောင်းသားကျောင်းသူများစသည့် ပြည်သူ ၆၇၀၀ ကျော်မှာ “ဒလန်၊ သူလျှို၊ နစကယန္တရားလည်ပတ်အောင်ပြုလုပ်ပေးသူ” ဆိုသည့် စွပ်စွဲချက်များဖြင့် NLD, NUG, PDF နှင့် EAOs တို့၏ သတ်ဖြတ်မှုခံထားရသည်။

Leave a Reply

Your email address will not be published. Required fields are marked *