October 30, 2024

MT News

Written by Nyein Kyaw

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့တွင်ရှိသည့် ပြည်သူလူထုအသုံးပြုနေသော မြန်မာ့ရေကြောင်းပိုင် ရေနယားနှင့် ရေဘဝဲ (၄) ရေယာဉ်နှစ်စီးကို AA က အကြမ်းဖက်ယူဆောင်သွားကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့တွင် ပြောကြားသည်။

“ကျောက်တော်မှာရှိနေတဲ့ မြန်မာနိုင်ငံရေကြောင်းပိုင် ရေနယား (၁) ရေယာဉ်နဲ့ ရေဘဝဲ(၄) ရေယာဉ်ကို ပြည်သူ လူထုအသုံးပြုနေတဲ့ ရေယာဉ်တွေဖြစ်ပါတယ်။ AA အနေနဲ့ ပြည်သူလူထုအသုံးပြုနေတဲ့ ရေယာဉ်တွေကိုအကြမ်းဖက်ယူဆောင်သွားကြောင်း သိရှိရပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

အဆိုပါ ‌ရေယာဉ်နှစ်စီးအနက် ရေနယားရေယာဉ်လိုင်းသည် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နှင့် ချင်းပြည် နယ်၊ ပလက်ဝမြို့သို့ ခရီးသည်များနှင့် ကုန်စည်စီးဆင်းမှုအတွက် ပြေးဆွဲနေခြင်းဖြစ်သည်။ အဆိုပါ ရေနယားရေယာဉ်လိုင်းသည် ဆယ်စုနှစ် နှစ်ခုခန့် ရပ်နားခဲ့ပြီးမှ ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းတွင် ပြန်လည်ပြေးဆွဲပေးနေသည့် ရေယာဉ်လိုင်းဖြစ်ကြောင်း သိရသည်။

ထို့အတူ ရခိုင်ပြည်နယ်၊ ပေါက်တောမြို့တွင် တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့က ပြန်လည်ထိန်းချုပ်ထားပြီး လုံခြုံရေးကင်းလှည့်နေမှုများကို AA လက်နက်ကိုင်များက တိုက်ခိုက်ခဲ့မှုများရှိကြောင်း သိရသည်။

“အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေမှာတော့ ပေါက်တောမြို့မှာ တပ်မတော်နဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ပြန်လည်ထိန်း ချုပ်ထားတာရှိပါတယ်။ ဒီနေ့ တပ်မတော်နဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ ပေါက်တောမြို့ လုံခြုံရေးအတွက် ကင်းလှည့်လည်ခဲ့ပါတယ်။ ဒီကင်းလှည့်လည်လာတာကို ပစ်ခတ်ခဲ့တာရှိပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

Leave a Reply

Your email address will not be published. Required fields are marked *