October 20, 2024

၁၈. ၁၁. ၂၀၂၃

Written by Nay Aung

မြန်မာနိုင်ငံ၏ ကားထုတ်လုပ်နိုင်မှုပမာဏသည် ယခုနှစ်အစောပိုင်းနှင့် နှိုင်းယှဉ်လျှင် ဇွန်လနောက်ပိုင်းတည်းက ပြန်လည်မြင့်တက်လျက်ရှိနေကြောင်း အာဆီယံမော် တော်ကားထုတ်လုပ်မှုအဖွဲ့ (ASEAN AUTOMOTIVE FEDERATION) ၏ ထုတ်ပြန်ချက်များအရ သိရသည်။

မြန်မာနိုင်ငံတွင် ၂၀၂၃ ခုနှစ် ဇန်နဝါရီလက ကားအစီးရေ ၈ စီး၊ ဖေဖော်ဝါရီလက ကားအစီးရေ ၄၁ စီး၊ မတ်လက ကားအစီးရေ ၂၃ စီး၊ ဧပြီလက ကားအစီးရေ ၈ စီး၊ မေလက ကားအစီးရေ ၉ စီးသာထုတ်လုပ်နိုင်ခဲ့ပြီး ဇွန်လနောက်ပိုင်းတွင် မြန်မာနိုင်ငံသည် တစ်လကို ကားအစီးရေရာကျော် ထုတ်လုပ်နိုင်ခဲ့ကာ ဇွန်လက ကားအစီးရေ ၁၄၀၊ ဇူလိုင်လက ကားအစီးရေ ၁၄၅ စီး၊ သြဂုတ်လက ကားအစီးရေ ၂၃၂ စီး၊ စက်တင်ဘာလတွင် ကားအစီးရေ ၂၀၆ စီးအထိ တိုးမြှင့်ထုတ်လုပ်နိုင်ခဲ့ကြောင်း အာဆီယံမော်တော်ကားအဖွဲ့ချုပ်က ပြောသည်။

This image has an empty alt attribute; its file name is 402986795_122136912002030934_210253804683051847_n.jpg

မြန်မာနိုင်ငံသည် ပြီးခဲ့သောလများတွင် ကားထုတ်လုပ်မှု ပြန်လည်မြင့်တက်လာခဲ့သော်လည်း အာဆီယံဒေသတွင်းနိုင်ငံများထဲတွင် ကားထုတ်လုပ်မှုအနည်းဆုံးဖြစ်နေဆဲဖြစ်ကြောင်း အာဆီယံမော်တော်ကားအဖွဲ့ချုပ်၏ ထုတ်ပြန်ချက်များအရ သိရသည်။

မြန်မာနိုင်ငံသည် ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ ကားအစီးရေစုစုပေါင်း ၈၁၂ စီးထုတ်လုပ်နိုင်ခဲ့ပြီး ပြီးခဲ့သော ၂၀၂၂ ခုနှစ်နှင့် နှိုင်းယှဉ်လျှင် များစွာလျော့နည်းနေသေးကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် ပြီးခဲ့သော ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာအထိ ကားအစီးရေ စုစုပေါင်း ၃၀၉၇ စီးထုတ်လုပ်နိုင်ခဲ့သည်။

ထိုအပြင် မြန်မာနိုင်ငံ၏ ကားအစီးရေ ရောင်းချနိုင်မှုအရေအတွက် ပြီးခဲ့သော ၂၀၂၂ ခုနှစ်နှင့် နှိုင်းယှဉ်လျှင်များစွာကျဆင်းနေဆဲဖြစ်ကြောင်း သိရသည်။ မြန်မာ နိုင်ငံတွင် ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလကုန်အထိ ကားအစီးရေစုစုပေါင်း ၂၃၉၇ စီးသာ ရောင်းချနိုင်ခဲ့ပြီး ပြီးခဲ့သော ၂၀၂၂ ခုနှစ်ကာလတူက ကားအစီးရေ စုစုပေါင်း ၆၆၇၂စီး ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။

Ref; ASEAN AUTOMOTIVE FEDERATION

Leave a Reply

Your email address will not be published. Required fields are marked *