October 19, 2024

၁၈. ၁၁. ၂၀၂၃

Written by Nay Moe

ကောလင်းမြို့အတွင်း ဖွင့်လှစ်ထားသည့် ပုဂ္ဂလိကဘဏ်များအတွင်း NUG ၏ PDF များက ဝင်ရောက်စစ်ဆေးမည်ဟု ယခု ကြေညာချက်ထုတ်သည်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၆ ရက်တွင် ‌စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ကောလင်းမြို့ကို အမှတ်(၁)စစ်ဒေသ ခရိုင်ကွပ်ကဲမှု အစီအစဉ်ဖြင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) နှင့် တော်လှန်ရေးအဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

This image has an empty alt attribute; its file name is 402937734_122136940976030934_9093487718065906185_n.jpg

ထို့နောက် နိုဝင်ဘာ ၈ ရက်တွင် ကောလင်းခရိုင် အရေးပေါ်အုပ်ချုပ်ရေးဆိုင်ရာ ခရိုင်ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ကို NUG က ဖွဲ့စည်းတာဝန် ပေးအပ်ခဲ့သည်။ ခရိုင်ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့အနေဖြင့် ကောလင်းခရိုင်အတွင်းရှိ ငွေကြေးဝန်ဆောင်မှုပေးနေသော ပုဂ္ဂလိကဘဏ်များ၏ လုံခြုံရေး စောင့်ရှောက်မှုပေးနိုင်ရန်နှင့် အများပြည်သူပိုင်ဆိုင်မှုများ နစ်နာဆုံးရှုံးမှုမရှိစေရန်အတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဗဟိုဘဏ်၏ ကြေညာချက်အမှတ်(၁/၂၀၂၃) နှင့်အညီ ဘဏ်အတွင်းသို့ ဝင်ရောက်စစ်ဆေးသွားမည်ဖြစ်သည်ဟု ကြေညာသည်။

သို့ဖြစ်ပါ၍ ပုဂ္ဂလိကဘဏ်အသီးသီး၏ တာဝန်ရှိသူများအနေဖြင့် ခရိုင်ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့နှင့် အမြန်ဆုံး လာရောက် ဆက်သွယ်ပူးပေါင်းဆောင်ရွက်သွားရန်နှင့် လိုက်နာမှုမရှိပါက NUG ကြားကာလဗဟိုဘဏ်၏ ကြေညာချက်အမှတ်(၁/၂၀၂၃)ပါ ညွှန်ကြားချက်များနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *