October 22, 2024

၂၀. ၁၁. ၂၀၂၃

Written by Nyein Kyaw

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ကျပ် ၃၈ သိန်းနီးပါးအထိ မြင့်တက်ခဲ့သည့် ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၃၆ သိန်းအောက်သို့ ပြန်လည်ကျဆင်းလာပြီး ယနေ့တွင် အခေါက်ရွှေတစ်ကျပ်သား ကျပ် ၃,၅၈၅,၀၀၀ ဖြစ်ပေါ်ခဲ့သည်။

နိုဝင်ဘာ ၂၀ ယနေ့တွင် ကမ္ဘာ့ရွှေဈေးသည် တစ်အောင်စ ၁၉၈၀ ဒေါ်လာသာဖြစ်ပေါ်ခဲ့ပြီး နိုဝင်ဘာ ၁၇ ရက်နှင့်နှိုင်းယှဉ်လျှင် ၃ ဒေါ်လာကျဆင်းလာခဲ့သည်။ ဒေါ်လာဈေးနှုန်းသည်လည်း အမြင့်ဈေး တစ်ဒေါ်လာ ကျပ် ၃၅၀၀ ဝန်းကျင်မှာပင် ဆက်လက်ရှိနေသည်။

ပြည်တွင်းရွှေဈေးနှုန်းသည် နိုဝင်ဘာ ၁၄ ရက်တွင် အခေါက်ရွှေတစ်ကျပ်သား ကျပ် ၃၆ သိန်းကျော်သို့ စတင်မြင့်တက်ခဲ့ပြီး နိုဝင်ဘာ ၁၇ ရက်တွင် ကျပ် ၃,၇၉၀,၀၀၀ (ကျပ် ၃၈ သိန်းနီးပါး)အထိ မြင့်တက်ခဲ့ခြင်းဖြစ်ပြီး ကျပ် ၃,၇၉၅,၀၀၀ အထိ မြင့်တက်မှုများရှိခဲ့သည်။ နိုဝင်ဘာ ၂၀ ရက် (ယနေ့) နံနက်ပိုင်းအထိ ပြည်တွင်းရွှေဈေး ကျပ် ၃,၇၀၀,၀၀၀ အထိ ရှိနေခဲ့ပြီး ညနေပိုင်းမှ ကျပ် ၃,၅၈၅,၀၀၀ သို့ ပြန်လည်ကျဆင်းလာခဲ့ခြင်းဖြစ်သည်။

ပြင်ပဈေးကွက်တွင် ရွှေဈေးနှုန်းနှင့် ဒေါ်လာဈေးနှုန်းများမှာ နိုဝင်ဘာ ၁၇ ရက်တွင် ရွှေဈေးနှုန်း ၃,၇၉၀,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၃,၅၀၀ ကျပ်၊ နိုဝင်ဘာ ၁၈ ရက်တွင် ရွှေဈေးနှုန်း ၃,၇၅၀,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၃,၅၁၀ ကျပ်၊ နိုဝင်ဘာ ၁၉ ရက်တွင် ရွှေဈေးနှုန်း ၃,၇၀၀,၀၀၀ ကျပ်၊ ငွေလဲလှယ် နှုန်း တစ်ဒေါ်လာ ၃,၅၀၀ ကျပ် ဖြစ်ပေါ်ခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *