၂၁. ၁၁. ၂၀၂၃
Written by Nay Aung
တရုတ်နှင့်မြန်မာအာဏာပိုင်များသည် ပြီးခဲ့သော စက်တင်ဘာလတွင် အွန်လိုင်းအသုံးပြုကာလိမ်လည်နေသောဂိုဏ်းများကို စတင်ဖြိုခွင်းခဲ့ပြီးနောက် မြန်မာအာဏာပိုင်များက သံသယရှိသူ စုစုပေါင်း ၃၁၀၀၀ ကျော်ကို တရုတ်အာဏာပိုင်များထံ လွှဲပြောင်းပေးခဲ့ကြောင်း တရုတ် ပြည်သူ့ရေးရာလုံခြုံရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်လိုက်သည်။
အဆိုပါလွှဲပြောင်းပေးခဲ့သူများထဲတွင် တရုတ်နိုင်ငံသားများထံမှ ငွေကြေးအများအပြားလိမ်လည်ခဲ့သော ဂိုဏ်းများ၏ ဂိုဏ်းခေါင်းဆောင်များ၊ ငွေကြေးထောက်ပံ့ပေးသူများ အနည်းဆုံး ၆၃ ဦးပါဝင်ခဲ့ကြောင်း တရုတ် ပြည်သူ့ရေးရာလုံခြုံရေး ဝန်ကြီးဌာနက ပြောသည်။
တရုတ်ပြည်သူရေးရာလုံခြုံရေးဝန်ကြီးဌာနက “မြန်မာနိုင်ငံရှိ အွန်လိုင်းအသုံးပြုကာလိမ်လည်နေတဲ့ဂိုဏ်းတွေကို ဖြိုခွင်းရာမှာ ရလဒ်ပိုင်းက သိသိသာသာ ကောင်းမွန်ခဲ့တယ်”ဟု ပြောသည်။
တရုတ်နှင့် မြန်မာနယ်စပ်တစ်လျှောက်တွင် အွန်လိုင်းအသုံးပြုကာလိမ်လည်နေသည့် ဂိုဏ်း အနည်းဆုံး ၁၀၀၀ ကျော်ရှိနေပြီး တစ်ရက်ကို လူပေါင်း ၁ သိန်းကျော် လိမ်လည်မှုများနှင့် ဆက်နွှယ်နေခဲ့ကြောင်း တရုတ်မီဒီယာများက ဖော်ပြထားသည်။
တရုတ်ရဲတပ်ဖွဲ့သည် အွန်လိုင်းအသုံးပြုကာ လိမ်လည်နေသည့်ဂိုဏ်းများကို ပြီးခဲ့သော စက်တင်ဘာတည်းက မြန်မာနိုင်ငံနှင့် ပူးပေါင်းပြီး ဖြိုခွင်းခဲ့ကြောင်း သိရသည်။ တရုတ်ရဲတပ်ဖွဲ့သည် နိုဝင်ဘာလတွင် မြန်မာနိုင်ငံရှိ အွန်လိုင်းအသုံးပြုကာလိမ်လည့်နေသည့်ဂိုဏ်းများ၊ လူကုန်ကူးဂိုဏ်းများကို ရုတ်တရက်စီးနင်းတိုက်ခိုက်ခဲ့ရာ ပြီးခဲ့သော သီတင်းပတ်တွင် ဂိုဏ်းခေါင်းဆောင်တစ်ဦး ကိုယ့်ကိုယ်ကိုယ် သတ်သေမှုများရှိခဲ့ကြောင်း ပြောသည်။ ထို့အပြင် မြန်မာအာဏာပိုင်များသည် တရုတ်အစိုးရမှ ဖမ်းဝရမ်းထုတ်ထားသော အွန်လိုင်းအသုံးပြုကာ လိမ်လည်နေသည့် ဂိုဏ်းခေါင်းဆောင် လေးဦးအနက် တစ်ဦးသေဆုံးခဲ့ပြီးနောက် ကျန်သုံးဦးကို မြန်မာအာဏာပိုင်များက ဖမ်းဆီးကာ တရုတ်ရဲတပ်ဖွဲ့ထံ ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။
Ref; straitstimes