MT News
ကာတာ – အီကွေဒေါ (20 Days/Time -10:30 PM)
အုပ်စု (A)
ကာတာ
အီကွေဒေါ
ဆီနီဂေါ
နယ်သာလန်
ကာတာ (ကမ္ဘာ့အဆင့် – 50)
အီကွေဒေါ (ကမ္ဘာ့အဆင့် – 44)
ကာတာက ကမ္ဘာ့ဖလားအတွက် လူအားရော ငွေအားရော ရင်းနှီးမြုပ်နှံထားတာပါ။ ကာတာအသင်းက နိုင်ငံပွဲစဥ် ခြေစမ်းပွဲ ၁၈ ပွဲ ကစားရာမှာ ၂ ပွဲသာရှုံးနိမ့်ထားသလိုနောက်ဆုံး ၄ ပွဲဆက်လည်း အနိုင်ရထားပါတယ်။
အီကွေဒေါက လက်ရှိတိုက်စစ် အင်အားနည်းနေပြီး နောက်ဆုံး ၅ ပွဲလုံး ဂိုးအောက် ကန်ထားပါတယ်။ ၅ ပွဲမှာ တိုက်စစ်က ၁ ဂိုးသာ ရထားပါတယ်။
ထိပ်တိုက်တွေ့ဆုံမှုမှာ ၁ ပွဲစီနိုင်ထားပြီး တစ်ပွဲသရေကျထားပါတယ်။ ဒီပွဲစဥ်မှာ ကာတာက အယ်မို့စ်အလီက ဂိုးသွင်းဖို့များပြီး အိမ်ရှင်အသင်း သရေ သို့ အနိုင်ရဖို့များပါတယ်။ ကမ္ဘာ့ဖလား အဖွင့်ပွဲ ၄ ကြိမ်မှာ ၃ ပွဲ ဂိုးပေါ်ခဲ့သလို ကမ္ဘာ့ဖလားပြိုင်ပွဲတစ်လျှောက် အဖွင့်ပွဲစဥ်တိုင်း အိမ်ရှင်အသင်း လုံးဝမရှုံးသေးဘဲ သရေနဲ့အနိုင်ကန်ထားပါတယ်။ ဒီညပွဲစဥ်တော့ ကာတာအသင်း သရေ (0-0) သို့ နိုင်ရင်လဲ (1-0) လောက်နဲ့ နိုင်ပြီး ဂိုးအောက်သွားမှာပါ။
ရွေးချယ်မှု – ကာတာ