October 18, 2024

၂၁. ၁၁. ၂၀၂၃
Written by Pan Ei

တောင်ကိုရီးယားနာမည်ကြီး အမျိုးသားအဆိုရှင်အဖွဲ့ Super Junior ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Kyuhyun ဟာ ဆိုးလ်ပြဇာတ်ရုံမှာ ပြဇာတ်ဖျော်ဖြေအပြီး နားနေခန်းထဲရှိနေချိန် ဓားကိုင်ဆောင်ကာ အခန်းထဲ ကျူးကျော်ဝင်ရောက်ပြီး အန္တရာယ်ပြုခဲ့တဲ့ အမျိုးသမီးတစ်ဦးကို ရင်ဆိုင်ခဲ့ရာမှာ ဒဏ်ရာရရှိခဲ့တယ်လို့ ကိုရီးယားမီဒီယာတွေက မနေ့က(နိုဝင်ဘာလ ၂၀ ရက်) ဖော်ပြခဲ့ကြပါတယ်။

ဓားကိုင်ဆောင်ကာ ကျူကျော်ဝင်ရောက်ခဲ့တဲ့ အမျိုးသမီးဟာ အသက် ၃၀ ကျော်အရွယ်ဖြစ်ပြီး သူမဟာ Kyuhyun နဲ့ ပတ်သက်မှုမရှိဘူးလို့သိရကာ Kyuhyun ဟာ တွဲဖက်မင်းသားကို ကာကွယ်ဖို့ ကြိုးပမ်းရာကနေ ဒဏ်ရာတွေ ရရှိခဲ့ခြင်းဖြစ်တယ်လို့ သတင်းတွေအရ သိရပါတယ်။

Kyuhyun ရဲ့ အေဂျင်စီဖြစ်တဲ့ Antenna Entertainment ကလည်း Kyuhyun ဒဏ်ရာရရှိခဲ့တယ်ဆိုကာ မှန်ကန်ကြောင်းနဲ့ အသက်အန္တရာယ်စိုးရိမ်စရာတော့ မရှိဘူးလို့ အတည်ပြုခဲ့ပြီး ရဲတပ်ဖွဲ့က ဓားနဲ့ ကျူးကျော်လာခဲ့သူကို စစ်ဆေးနေတယ်လို့ ဖော်ပြခဲ့ပါတယ်။

ဒီအဖြစ်အပျက်ဟာ Kyuhyun ရဲ့ ကိုယ်ကျိုးမငဲ့ဘဲ ကူညီလုပ်ဆောင်ပေးခြင်းအတွက် ပထမဆုံးသက်သေမဟုတ်ပါဘူး။ ၂၀၀၉ ခုနှစ်တုန်းကလည်း Music Bank ရှိုးတစ်ခုပြီးတဲ့နောက် Girls’ Generation အဖွဲ့ဟာ သူတို့ရဲ့အနိုင်ရမှုကို အောင်ပွဲခံနေစဉ်ချိန် မီးဆိုင်းစင်ကြီး လဲကျလာမှုကို Kyuhyun က လူအများနဲ့အတူ ကူညီတွန်းထားပေးခဲ့ပြီး ပြင်းထန်တဲ့ မတော်တဆမှုဖြစ်နိုင်တာကို တားဆီးပေးခဲ့ပါသေးတယ်။

Ref; Koreaboo

Leave a Reply

Your email address will not be published. Required fields are marked *