October 18, 2024

၁၉. ၁၁. ၂၀၂၃

Written by Thettant

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လောင်းမြို့နယ်၊ လိန်းလီကျေးရွာအနီးမှာ တစ်ပတ်အတွင်း ငွေကျပ်သိန်း ၁၈၀၀၀ ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၃၅ သိန်းကျော်အပါအဝင် မူးယစ်ဆေးအများအပြား ဖမ်းမိခဲ့တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က သိရပါတယ်။

ဖမ်းမိမှုဖြစ်စဥ်တွေမှာ နိုဝင်ဘာ ၈ ရက် မနက် ၉ နာရီအချိန် ပင်လောင်းမြို့နယ်၊ လိန်းလီကျေးရွာအနီးမှာ ပင်လောင်းကနေ တပ်ကုန်းဘက်ကို မောင်မောင်ဝင်း မောင်းနှင်ပြီး ဇေယျာကျော်၊ အာကာမင်းမြတ်ကျော်နဲ့ လေးမြင့် တို့လိုက်ပါလာတဲ့ Hiace ယာဉ်ကို သတင်းအရရှာဖွေရာက ယာဉ်ပေါ်မှာ ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၇၁၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၂ ဒသမ ၇ သိန်း၊ အိုက်စ်(မက်သ်အဖက်တမင်း) ၅ ကီလို သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်စစ်ဆေးဖော်ထုတ်ချက်အရ ညနေ ၅ နာရီခန့်မှာ မူးယစ်ဆေးဝါသယ်ဆောင် ရာမှာ ပူးပေါင်းပါဝင်တဲ့ မျိုးအောင်(ခ)သီလကို ပဲခူးမြို့၊ ဥဿာမြို့သစ်၊ ရပ်ကွက်ကြီး(၇)၊ နွယ်သာကီလမ်းရှိ နေအိမ်မှာ Probox ယာဉ် ၁ စီးနှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့တာပါ။

ဒါ့အပြင် နိုဝင်ဘာ ၉ ရက် မွန်းလွဲ ၁ နာရီအချိန် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လောင်းမြို့နယ်၊ လိန်းလီကျေးရွာအနီးမှာပဲ ပင်လောင်းကနေ တပ်ကုန်းဘက်ဆီ အောင်မင်း မောင်းနှင်ပြီး အောင်ကိုကိုဦး လိုက်ပါလာတဲ့ Toyota Surf ကို ရှာဖွေရာမှာ ယာဉ်ပေါ်က ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၅၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၀ သိန်း သိမ်းဆည်းရမိခဲ့သလို စစ်ဆေးချက်အရ နိုဝင်ဘာ ၁၀ ရက် မနက် ၇ နာရီခွဲအချိန်မှာလည်း စိတ်ကြွရူးသွပ်ဆေးပြားတွေ သယ်ဆောင်ရောင်းဝယ်ရာမှာ ပူးပေါင်းပါဝင်တဲ့ စိုင်းခုံးလှိုင်း(ခ)ကိုစိုင်း ကိုလည်း ကွန်ဟိန်းမြို့နယ်၊ ကာလိမြို့၊ ရပ်ကွက်(၁)ရှိ နေအိမ်မှာ ဆက်လက်ဖမ်းဆီးရမိခဲ့တာပါ။

This image has an empty alt attribute; its file name is 404246782_122137214564030934_9086354168201801833_n.jpg

ဒါ့အပြင် နိုဝင်ဘာ ၁၄ ရက် မနက် ၇ နာရီခွဲအချိန်မှာ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လောင်းမြို့နယ်၊ လိန်းလီကျေးရွာအနီးမှာပဲ ပင်လောင်းကနေ တပ်ကုန်းဘက်ကို မင်းမင်း(ခ)မျိုးကျော်သူဝင်း မောင်းနှင်ပြီး မသီတာလင်း နဲ့ နိုင်လင်း တို့လိုက်ပါလာတဲ့ Hiace ယာဉ်ကို သတင်းအရရှာဖွေရာမှာ ယာဉ်ပေါ်က ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၆၂၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၂ ဒသမ ၅ သိန်း သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးချက်အရ အဲဒီနေ့ မနက် ၁၀ နာရီခွဲအချိန် ရွာငံမြို့နယ်၊ မြို့ကြီးကျေးရွာအနီးမှာစိတ်ကြွရူးသွပ်ဆေးပြားတွေ သယ်ဆောင်ရောင်းဝယ်ရာမှာ ပူးပေါင်းပါဝင်တဲ့ ရှိုင်းမြတ်သူ(ခ)စိုင်းအွမ် နဲ့ စိုင်းဝေမိုးအောင်(ခ)စိုင်းလုံ တို့ကို AD VAN မော်တော်ယာဉ် ၁ စီးနဲ့အတူ ဆက်လက်ဖမ်းဆီးရမိခဲ့တာပါ။

လက်ရှိမှာ နိုဝင်ဘာ ၈ ရက်ကနေ ၁၄ ရက်အထိ တစ်ပတ်တာအတွင်း ပင်လောင်းမြို့နယ် လိန်းလီကျေးရွာအနီးမှာ ဖမ်းမိခဲ့တဲ့ ကျပ်သိန်း ၁၈၀၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးပြား ၃၅ သိန်းကျော်နဲ့အတူ ဖမ်းမိတရားခံ ၁၃ ဦးကို ဆက်လက်စစ်ဆေးပြီး နောက်ဆက်တွဲတရားခံတွေ ဆက်လက်ဖမ်းဆီးဖို့ကြိုးပမ်းနေတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *