October 22, 2024

၂၀. ၁၁ .၂၀၂၃
Written by Hey Mar

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ဘွက်ကြီးကျေးရွာအပိုင် ဖားအောက်တောရရှေ့မှာ စိတ်ကျန်းမာရေးမူမမှန်သူအမျိုးသားတစ်ဦး ခြေလက်မှာ ပိုးလောက်တွယ်ဒဏ်ရာတွေနဲ့ လာရောက်စွန့်ပစ်သွားတဲ့ ဖြစ်စဥ်တစ်ခု ဒီနေ့ နိုဝင်ဘာ ၂၀ ရက် မနက်ပိုင်းက ဖြစ်ပွားခဲ့တယ်လို့ မြေပြင်မှာ သွားရောက်ကူညီခဲ့တဲ့ ရွှေမေတ္တာ ပရဟိတအသင်းကနေ သိရပါတယ်။

ဖြစ်စဥ်မှာ စိတ်ကျန်းမာရေးမကောင်းသူအမျိုးသားတစ်ဦး လက်နဲ့ခြေထောက်နေတွေမှာ အရိုးထိ လောက်ကျနေတဲ့ ဒဏ်ရာတွေနဲ့ ဖားအောက်တောရရှေ့မှာ စွန့်ပစ်သွားတဲ့အကြောင်း မြန်မာနိုင်ငံ ဘက်စုံလူမှုကူညီရေးအသင်းနဲ့ ဘွက်ကြီးကျေးရွာတာ၀န်ရှိသူတွေက နားခိုရာနေရာတစ်ခုခုကိုပို့ဆောင်ပေးနိုင်ဖို့ အကူအညီတောင်းခံချက်အရ ရွှေမေတ္တာလူမှုကူညီရေးအသင်းက သွားရောက်ခေါ်ဆောင်ပေးတာလို့ သိရပါတယ်။

This image has an empty alt attribute; its file name is photo_2023-11-20_13-53-29.jpg

“အခြေအနေကတော့ သူ့ဒဏ်ရာတွေကို ပိုးသတ်ဖို့ ဆေးအိတ်ဖွင့်တဲ့အခါ အပ်တွေ တွေ့ပြီး တစ်ချောင်းလောက်ပေးပါလို့ တောင်းတယ်။ ဘာလုပ်ဖို့လဲမေးတော့ အကြောထဲ ထိုးတဲ့ပုံစံလုပ်ပြတယ်။ ဒဏ်ရာတွေက အနံ့အသက် အတော်ဆိုးတာပါ။အကောင်တွေ ရသလောက် ဖယ်ပြီး ဆေးထည့်ပြီး သဘာဝ တရားရိပ်သာကို ပို့ပေးဖို့ ခေါ်လာခဲ့ပါပြီ”လို့ ရွှေမေတ္တာလူမှုကူညီရေး အသင်းဥက္ကဋ္ဌက MT News ကို ပြောပါတယ်။

စွန့်ပစ်ခံရတဲ့ အမျိုးသားဟာ အသက် ၄၀ ဝန်းကျင် အရွယ်ဖြစ်ပြီး အဆိုပါအမျိုးသားရဲ့ နေရပ် ၊ အမည် စတာတွေကိုတော့ သူ့ရဲ့စိတ်ကျန်းမာရေးအခြေအနေတွေအရ မေးမြန်းလို့မရသေးဘူးလို့ သိရပါတယ်။ ဒဏ်ရာတွေက ပုပ်နေတဲ့အတွက် ဖြတ်တောက်ရနိုင်ခြေရှိပြီး သန်လျင် သဘာဝတရားရိပ်သာရဲ့ ကွန်းခိုရာ ကျန်းမာရေးစောက်ရှောက်မှု အခမဲ့ဆေးရုံမှာ ဆက်လက်တင်ပို့ ကုသပေးသွားမှာလို့လည်း သိရပါတယ်။

ဓာတ်ပုံ- ရွှေမေတ္တာလူမှုကူညီရေးအသင်း

Leave a Reply

Your email address will not be published. Required fields are marked *