October 18, 2024

၁၉. ၁၁. ၂၀၂၃
Written by Nay Aung

မြန်မာနိုင်ငံမြောက်ပိုင်း လောက်ကိုင်မြို့ရှိ အွန်လိုင်းအသုံးပြုကာလိမ်လည်နေသည့် ရာဇဝတ်ဂိုဏ်းများ၏ သားကောင်ဖြစ်ခဲ့ပြီးနောက် ပြန်လည်လွတ်မြောက်လာခဲ့သော ထိုင်းနိုင်ငံသား ၂၇၀ ခန့်သည် နိုဝင်ဘာ ၁၉ ရက် ညပိုင်းတွင် မိခင်နိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်သည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာအာဏာပိုင်များသည် လောက်ကိုင်မြို့မှ ပြန်လည်ကယ်တင်ခဲ့သော ထိုင်းနိုင်ငံသား ၂၆၆ ဦးကို မြန်မာနိုင်ငံနှင့် တရုတ်နယ်စပ်ဒေသသို့ ပို့ဆောင်ပေးခဲ့ကြောင်း၊ ထိုင်းနိုင်ငံသားများသည် နယ်စပ်ဒေသမှတစ်ဆင့် တရုတ်နိုင်ငံပိုင်နက်ကို ဝင်ရောက်ခဲ့ကြောင်း၊ တရုတ်နိုင်ငံမှတစ်ဆင့် ထိုင်းနိုင်ငံသို့ AirAsia နှင့် Lion Air လေကြောင်းလိုင်းတို့မှ လေယာဉ်နှစ်စီးဖြင့် မိခင်နိုင်ငံသို့ ပြန်လာခဲ့ခြင်းဖြစ်ပြီး နိုဝင်ဘာ ၁၉ ရက် ည ၁၀ နာရီ ၂၅ မိနစ်နှင့် ၁၂ နာရီ ၄၀ တွင် ဒွန်မောင်းလေဆိပ်သို့ ပြန်လည်ရောက်ရှိလာခဲ့ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

ထိုင်းအာဏာပိုင်များသည် မိခင်နိုင်ငံသို့ ပြန်လည်ရောက်ရှိလာသော ထိုင်းနိုင်ငံသား ၂၆၆ ဦးကို အွန်လိုင်းအသုံးပြုကာလိမ်လည်မှုကျူးလွန်နေသည့် ဂိုဏ်းများလက်ထဲတွင် အတင်းအကြပ်ခိုင်းစေခံရမှုများနှင့် အခြေအနေများကို အသေးစိတ် စစ်ဆေးသွားမည်ဖြစ်သည်။

This image has an empty alt attribute; its file name is photo_2023-11-20_11-16-11.jpg

လောက်ကိုင်မြို့ရှိ အွန်လိုင်းအသုံးပြုကာလိမ်လည်နေသည့် ဂိုဏ်းများသည် ထိုင်းနိုင်ငံသားများကို ၎င်းတို့ထံတွင် လာရောက်အလုပ်လုပ်ရန်အတွက် မက်လုံးအမျိုးမျိုးပေးကာ ဖြားယောင်းသွေးဆောင်ခဲ့ခြင်းဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုသည်။ မြန်မာ့တပ်မတော်နှင့် မြန်မာအစိုးရတာဝန်ရှိသူများသည် အဆိုပါ ထိုင်းနိုင်ငံသားများအနက် အချို့ကို အွန်လိုင်းအသုံးပြုကာလိမ်လည်နေသည့်ဂိုဏ်းများလက်ထဲမှ ကယ်ထုတ်ခဲ့ရသလို အချို့ကိုလည်း လောက်ကိုင်မြို့အတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် စေ့စပ်ဆွေးနွေးကာ ခေါ်ထုတ်ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ထိုင်းနိုင်ငံသား ၂၆၆ ဦးကို မိခင်နိုင်ငံသို့ ပြန်လည်ခေါ်ဆောင်နိုင်ခဲ့မှုနှင့်ပတ်သက်ပြီး မြန်မာနှင့် တရုတ်အစိုးရတို့ကို ကျေးဇူးတင်ကြောင်း ပြောသည်။ ထို့အပြင် ဖိလစ်ပိုင်နှင့် စင်ကာပူနိုင်ငံသားများကိုလည်း ထိုင်းနိုင်ငံသားများနှင့်အတူ ပြန်လည်ကယ်ထုတ်ခဲ့ရကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုသည်။ မြန်မာ့တပ်မတော်အပါအဝင် အစိုးရအဖွဲ့တာဝန်ရှိသူများသည် ပြီးခဲ့သောရက်ပိုင်းကလည်း လောက်ကိုင်မြို့ရှိ လူကုန်ကူးဂိုဏ်းများလက်ထဲတွင်ပိတ်မိနေသည့် ထိုင်းနိုင်ငံသား ၄၁ ဦးကို ဘတ်စ်ကားများဖြင့် ထိုင်းနိုင်ငံနှင့် မြန်မာနယ်စပ်ဒေသရှိ အမှတ် (၁) ချစ်ကြည်ရေးတံတားကိုဖြတ်သန်းကာ မိခင်နိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

Ref; thailandnews

Leave a Reply

Your email address will not be published. Required fields are marked *