October 18, 2024

၂၀. ၁၁. ၂၀၂၃
Written by Pan Ei

K-pop အဆိုတော် အိုင်ဒေါတွေကို မွေးထုတ်ပေးလေ့ရှိတဲ့ Survival Show တွေဟာ တောင်ကိုရီးယားမှာတင်မကဘဲ နိုင်ငံတကာမှာပါ နာမည်ကြီး လူကြိုက်များပါတယ်။ အခုအခါမှာလည်း SBS ရုပ်သံလိုင်းက တင်ဆက်ပြသပေးနေတဲ့ Universe Ticket ဆိုတဲ့ Survival Show မှာ တရုတ်၊ ဂျပန်၊ ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင် စတဲ့ နိုင်ငံအရပ်ရပ်က ယှဥ်ပြိုင်သူတွေနဲ့အတူ မြန်မာနိုင်ငံက ပထမဆုံး ပါဝင်သူအဖြစ် Riel က ပါဝင်ယှဥ်ပြိုင်နေပါတယ်။

မကြာသေးမီက ထုတ်လွှင်ခဲ့တဲ့ Universe Ticket ပထမပိုင်းမှာ ပရိသတ်တွေက ပါဝင်သူတွေရဲ့ပရိုဖိုင်ကို မဲပေးရွေးချယ်ခဲ့ရာမှာတော့ မြန်မာက ပါဝင်ယှဥ်ပြိုင်သူ Riel က ပထမ ရရှိခဲ့တာဖြစ်ပြီး Riel ကလည်း အင်စတာဂရမ်က တစ်ဆင့် ပရိသတ်တွေကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။

This image has an empty alt attribute; its file name is 399715098_190021147493901_1939221257370241779_n-1.jpg

အခုလက်ရှိ တောင်ကိုရီးယားမှာ နေထိုင်နေတဲ့ Riel ရဲ့ နာမည်အရင်းက နန်းဧကရီရွှေ ဖြစ်ပြီး ၂၀၀၀ ပြည့်နှစ်ဖွားတစ်ဦးဖြစ်ကာ မွေးဖွားရာဇာတိကတော့ ရန်ကုန်မြို့ဖြစ်တယ်လို့ သိရပါတယ်။

Riel က ပရိုဖိုင် မဲပေးရွေးချယ်မှုမှာ ပထမ ရရှိခဲ့ပေမယ့် အပိုင်း ၁ မှာ နည်းပါးလွန်းတဲ့ Screen Time ကြောင့် မြန်မာနိုင်ငံက ပရိသတ်တွေ အားမရ၊ မကျေနပ်တာတွေလည်း ရှိနေပြီး သူမရဲ့ ယှဥ်ပြိုင်ဖျော်ဖြေမှုကိုလည်း ဒီအပတ်မှာ မထုတ်လွှင့်သေးပါဘူး။

This image has an empty alt attribute; its file name is photo_2023-11-20_10-21-12-682x1024.jpg

အပတ်စဥ် SBS ရုပ်သံလိုင်းကနေ ထုတ်လွှင့်ပြသသွားမှာဖြစ်ပြီး မိန်းကလေး ၈ ယောက်ပါဝင်မယ့် ဂလိုဘယ် မိန်းကလေးအဖွဲ့ကို မွေးထုတ်ပေးမယ့် Universe Ticket ရဲ့ အစီအစဥ်တွေမှာ Riel ကို မဲပေးလို့ ရနေသေးပြီး အခုလက်ရှိ Riel ရဲ့ အဆင့်က ၈ ဖြစ်နေတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *