October 19, 2024

၁၈. ၁၁. ၂၀၂၃
Written by Nyein Kyaw

ခေတ်သစ်အပါအဝင် အချို့သောမီဒီယာများတွင် ဖော်ပြနေသကဲ့သို့ စစ်သင်တန်းတက်ထားသည့် တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ၏ ကိုယ်ရေးအချက်အလက်များ နေပြည်တော်စစ်ရုံးသို့ အမြန်ပေးပို့ရန် အမိန့်ထုတ်ပြန်ထားခြင်းမရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(SAC) သတင်းထုတ်ပြန်ရေးအဖွဲ့မှ ယနေ့တွင် ဖြေကြားသည်။

နိုဝင်ဘာ ၁၈ ရက် (ယနေ့)တွင် ပြည်ပရောက်မီဒီယာတချို့၏ ဖော်ပြထားသည့် ထုတ်ပြန်ချက်အရ နိုင်ငံတော်လုံခြုံရေး အခြေအနေအရဟုဆိုကာ တက္ကသိုလ်၊ ဒီဂရီ၊ ကောလိပ်များတွင် ဖွဲ့စည်းခဲ့သော တက္ကသိုလ်လေ့ကျင့်ရေးတပ် (UTC) များတွင် စစ်သင်တန်းတက်ရောက်ဖူးသည့် တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများ၏ ကိုယ်ရေးအချက်အလက်များကို နေပြည်တော်စစ်ရုံးသို့ အမြန်ဆုံးပေးပို့ရန်ဟု ညွှန်ကြားစာဖော်ပြလာသည်။ Myanmar Transparency News သတင်းဌာနအနေဖြင့် အဆိုပါထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး SAC သတင်းထုတ်ပြန်ရေးအဖွဲ့သို့ မေးမြန်းခဲ့ရာတွင် “စာအတုသာဖြစ် ကြောင်း ပညာရေးဝန်ကြီးဌာနမှ ပြန်ကြားအပ်ပါသည်” ဟု ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

နိုဝင်ဘာ ၁၇ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည့် အဆိုပါထုတ်ပြန်ချက်အတုတွင် နိုင်ငံတော်လုံခြုံရေး အခြေအနေအရ တက္ကသိုလ်၊ ဒီဂရီ၊ ကောလိပ်များတွင် ဖွဲ့စည်းခဲ့သော တက္ကသိုလ်လေ့ကျင့်ရေးတပ် (UTC) များတွင် စစ်သင်တန်းတက်ရောက်ဖူးသည့် တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများ၏ ကိုယ်ရေးအချက်အလက်များကို ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ တပ်မတော် လေ့ကျင့်ရေးအရာရှိချုပ်ရုံးသို့ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁၇ ရက်နောက်ဆုံးထားပေးပို့ရန် ရည်ညွှန်း (၂) ပါစာဖြင့် အကြောင်းကြားလာပါသည်ဟု ဖော်ပြထားသည်။

သို့ဖြစ်ပါ၍ ပညာရေးဝန်ကြီးဌာနလက်အောက်ရှိ နိုင်ငံတော်လုံခြုံရေး အခြေအနေအရဟုဆိုကာ တက္ကသိုလ်၊ ဒီဂရီ၊ ကောလိပ်များတွင် ဖွဲ့စည်းခဲ့သော တက္ကသိုလ်လေ့ကျင့်ရေးတပ် (UTC) များတွင် စစ်သင်တန်းတက်ရောက်ဖူးသည့် ၂၀၂၀ ပြည်နှစ်မတိုင်မီအထိ တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများ၏ ကိုယ်ရေးအချက်အလက် (အမည်၊ အသက်၊ နိုင်ငံသားစိစစ်ရေးကတ်အမှတ်၊ ပညာအရည်အချင်း၊ လူမျိုး၊ ဘာသာ၊ ဆက်သွယ်ရန်အမြဲတမ်းလိပ်စာ) တို့ကို ပူးတွဲ (က)ပါပုံစံဖြင့် အဆင့်မြင့်ပညာဦးစီးဌာန (ရုံးချုပ်) နေပြည်တော်သို့ ပေးပို့ရန် အကြောင်းကြားအပ်ပါသည်ဟု ဖော်ပြထားခြင်းဖြစ်ပြီး ထိုစာမှာ အတုဖြစ်သည်ဟု ပညာရေးဝန်ကြီးဌာနက တုံ့ပြန်ခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *