October 19, 2024

၁၈. ၁၁. ၂၀၂၃
Written By Thandar

အလှမယ်လောကထဲက တစ်ဆင့် MRTV-4 ရုပ်သံဇာတ်လမ်းတွေကနေ ပရိသတ်အားပေးမှု အခိုင်အမာရရှိထားတဲ့ မင်းသမီး နန်းစန္ဒာလှထွန်းနဲ့ ကိုဥာဏ်လင်းမြင့်တို့ရဲ့ စုလျားရစ်ပတ် ထိမ်းမြားမင်္ဂလာပွဲကို ဒီနေ့ နိုဝင်ဘာ ၁၈ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ Novotel Hotel မှာ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။

“နန်းစန္ဒာလှထွန်းရဲ့ မင်္ဂလာဖိတ်စာလေးက တော်တော်ထူးခြားတဲ့ ဖိတ်စာလေးပါ။ ယွန်းဘူးလေးနဲ့ သေချာဖိတ်ပေးလို့ ဝမ်းသာပါတယ်။ ချစ်ရတဲ့ ချစ်သူနှစ်ယောက်သား ပျော်ရွှင်စွာ ရာသက်ပန် သက်ဆုံးတိုင် ပေါင်းဖက်နိုင်ကြပါစေ။ ဦးညီက စိတ်ချမ်းသာ သာယာပျော်ရွှင်စရာ ဘဝလေးပိုင်ဆိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပါတယ် ” လို့ သရုပ်ဆောင် ညီနန္ဒက ပြောပါတယ်။

This image has an empty alt attribute; its file name is photo_2023-11-18_14-18-26-1024x682.jpg

အဆိုပါ အခမ်းအနားကို သတို့သားနဲ့ သတို့သမီးအရံ အနေနဲ့ ကျော်ထက်ဇော် ၊ ဟိန်းသီဟ ၊ ဘုန်းသီရိကျော် ၊ သံသာမိုးသိမ့်တို့အပြင် အနုပညာရှင်တွေဖြစ်တဲ့ အကယ်ဒမီ ခန့်စည်သူ ၊ နော်ဖောအယ်ထား ၊ ဆောင်းဝတ်ရည်မေ ၊ သဥ္ဇာနွယ်ဝင်း ၊ ယုသန္တာတင် ၊ နေရည်ဝင်းလဲ့ ၊ နန်းခင်ဇေယျာ ၊ ချာလီနဲ့ ဒီး ၊ သွန်းဆက်တို့ စုံတွဲ ၊ ဆက်ယွန်းတွယ်တာ စတဲ့သူတွေ တက်ရောက်ခဲ့ကြပါတယ်။

သူမဟာ နိုဝင်ဘာ ၁၁ ရက်နေ့ကလည်း တောင်ကြီးမြို့ Taunggyi Hotel မှာ မင်္ဂလာ မော်ကွန်းတင်လက်မှတ်ရေးထိုးပွဲကို ရှမ်းရိုးရာဝတ်စုံနဲ့ နံနက်ပိုင်း ကျင်းပခဲ့ပြီး ညနေပိုင်းမင်္ဂလာ Dinner ပွဲကိုလည်း တောင်ကြီးမြို့မှာပဲ ကျင်းပခဲ့လို့ ချစ်ရတဲ့ မိတ်ဆွေ အပေါင်းအသင်းတွေ အနုပညာရှင်တွေ တက်ရောက်ခဲ့ကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *