October 19, 2024

၁၈. ၁၁. ၂၀၂၃
Written by Nay Moe

နေရာဒေသအနှံ့တွင် မြို့သိမ်းတိုက်ပွဲဆင်နွှဲနေသည့် PDF များနှင့် KIA လက်နက်ကိုင်များက ရွှေကူမြို့တွင်းသို့ ပစ်ခတ်တိုက်ခိုက်သဖြင့် အမျိုးသားတစ်ဦးသေဆုံးကာ ၇ ဦးဒဏ်ရာရမှုဖြစ်ပွားခဲ့သည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ နိုဝင်ဘာ ၁၄ ရက် ည ၆ နာရီ ၅၀ မိနစ်တွင် ကချင်ပြည်နယ်၊ ရွှေကူမြို့အတွင်းသို့ KIA အဖွဲ့နှင့် PDF အဖွဲ့တို့က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် ရွှေကူမြို့၊ အမှတ် (၂)ရပ်ကွက်အတွင်းသို့ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့သည်။ ထိုပေါက်ကွဲမှုကြောင့် အဆိုပါရပ်ကွက်နေ အရပ်သားပြည်သူများဖြစ်ကြသည့် ကိုနေလင်းထက်(ခ)အိထက် (၂၉)နှစ်တွင် ဦးခေါင်းချိုစောင်းပွင့်ထွက်ဒဏ်ရာရရှိကာ သေဆုံးသွားခဲ့ပြီး ဦးစိုးစိုးမြင့်(၅၃)နှစ်၊ ကိုအောင်ကျော်ကျော်(၂၁)နှစ်၊ ဦးရဲနိုင်(၅၃)နှစ်၊ ကိုငယ်လေး (ခ)အောင်မျိုးခန့်(၂၄)နှစ်၊ မနှင်းနုနုနိုင်(၂၈)နှစ်၊ မရွှေသဲပွင့်ကျော် (၂၃)နှစ်၊ ဒေါ်စုစုတင် (၄၇)နှစ်တို့တွင် လက်နက်ကြီးကျည် ပေါက်ကွဲစထိမှန်ဒဏ်ရာများ အသီးသီးရရှိခဲ့၍ ဆေးကုသနိုင်ရေး ရွှေကူမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။

အလားတူ နိုဝင်ဘာ ၁၅ ရက် နံနက် ၅ နာရီ ၁၀ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ ကန်နီကျေးရွာသို့ PDF အဖွဲ့(စိစစ်ဆဲ)က လက်လုပ်စိန်ပြောင်း၊ ရှော့တိုက်ဒုံးများဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် အဆိုပါကျေးရွာနေသူများဖြစ်ကြသည့် ဦးမြင့်ဆွေ (၄၄)နှစ်နှင့် ဒေါ်ခင်ညို (၅၁)နှစ်တို့တွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိခဲ့ပြီး လူနေအိမ်သုံးလုံး ဗုံးသီးထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *