၁၈. ၁၁. ၂၀၂၃
Written by KL
မန္တလေးတိုင်းဒေသကြီး၊ မိတ္တီလာမြို့၊ မြို့မ(၄)ရပ်ကွက်ရှိ မိတ္တီလာ(တောင်ကန်)တွင် ၃ ရက်အတွင်း ရေနစ်သေဆုံးသော လူသေအလောင်း ၂ လောင်း တွေ့ရှိကြောင်း ဒေသခံများထံမှ သိရသည်။
နိုဝင်ဘာ ၁၅ရက် နံနက်ပိုင်းက ရေနစ်သေဆုံးနေသော အသက် ၄ဝ အရွယ်အမျိုးသားအလောင်းကို တွေ့ရှိခဲ့ပြီး၊ နိုဝင်ဘာ ၁၇ ရက် နံနက်ပိုင်းက နန်းတော်ကုန်းရပ်ကွက်နယ်မြေကန်ပတ်လမ်းသံလမ်းအနီးရှိ တောင်ကန်တွင် အသက် ၅၀ အရွယ် အမျိုးသမီးကြီး တစ်ဦး၏ အလောင်းကိုတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
တောင်ကန်တွင် ရေနစ်သေဆုံးသော အမျိုးသားမှာ စိတ်ကျန်းမာရေးချို့တဲ့နေသူဖြစ်ပြီး မိတ္တီလာမြို့နယ် အောင်ဇေယျာရပ်ကွက် နယ်မြေ(၆)တွင် နေထိုင်သူဖြစ်ကာ အမျိုးသမီးကြီးမှာမူ ပိုင်ရှင်မည်သူမည်ဝါဖြစ်ကြောင်းကို မသိရှိရကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးကပြောသည်။
ရေနစ်သေဆုံးမှုများနှင့် ပတ်သက်၍ အသေးစိတ်သိရှိနိုင်စေရန် ရဲတပ်ဖွဲ့က သေမှုသေခင်းဖွင့်ကာ စစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။