October 19, 2024

၁၈. ၁၁. ၂၀၂၃
Translated by Htwe Ko Tun

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ နည်းပညာထုတ်လုပ်သူကုမ္ပဏီဖြစ်သော ဟွာဝေးက တစ်စက္ကန့်လျှင် ၁ ဒသမ ၂ တယ်ရာဘိုက်(၁,၂၀၀ ဂစ်ဂါဘိုက်) နှုန်းထိ ထုတ်လွှင့်နိုင်စွမ်းရှိသော ကမ္ဘာ့အမြန်ဆုံး အင်တာနက်ကို တီထွင်နိုင်ခဲ့ ကြောင်း သတင်းစာရှင်းပွဲတစ်ခုတွင် ယခုအပတ်အတွင်းထုတ်ဖော်ပြောကြားသွားခဲ့သည်။

၎င်းက ကမ္ဘာ့အမြန်ဆုံးအင်တာနက်ဖြစ်သည်နှင့်အညီ HD ရုပ်ရှင်ကား ၁၅၀ ကို တစ်စက္ကန့်အတွင်းမှာပင် Download ပြုလုပ်နိုင်စွမ်းရှိကြောင်းလည်း ဟွာဝေးကပြောခဲ့သည်။

ယခုအခါ အင်တာနက်အမြန်နှုန်းကပုံမှန်အားဖြင့် တစ်စက္ကန့်လျှင် ၁၀၀ ဂစ်ဂါဘိုက်ခန့်သာရှိပြီး အမေရိကန်ပြည်ထောင်စုကဲ့သို့ ပဉ္စမမျိုးဆက် အင်တာနက်အားအသုံးပြုနေသည့် နိုင်ငံ၌ပင်လျှင် အင်တာနက် အမြန်နှုန်းက အများဆုံး တစ်စက္ကန့်လျှင် ၄၀၀ ဂစ်ဂါဘိုက်အထိသာရှိရာ ဟွာဝေးတီထွင်ခဲ့သော အင်တာနက်အမြန်နှုန်းက လက်ရှိ အမြန်ဆုံးသောအင်တာနက်နှုန်းထက်ပင် သုံးဆခန့်သာလွန်နေသည်။

အဆိုပါအင်တာနက်အခြေခံအဆောက်အအုံကို ပေကျင်းမြို့၊ ဝူဟန်မြို့၊ ဂွမ်ဇိုမြိုတို့ကိုဆက်စပ်လျက် ကီလိုမီတာ ၃,၀၀၀ အကွာအဝေးအား ဖိုင်ဘာကေဘယ်လ်ကွန်ရက်များဖြင့် တည်ဆောက်သွားမည်ဖြစ်သည်။ ထိုအင်တာနက်စနစ် တရုတ်နိုင်ငံ စင်ဟွာတက္ကသိုလ်၊ China Mobile ကုမ္ပဏီနှင့် Cernet ကော်ပိုရေးရှင်းတို့တွင် တပ်ဆင်ပြီးသွားပြီဖြစ်ပြီး လာမည့်ဇူလိုင်လမှစ၍ ထိုအင်တာနက်ကွန်ရက်အား တင်းကျပ်သော စစ်ဆေးမှုစတင်ပြုလုပ်မည်ဟု သိရသည်။

Ref—–India Today

Leave a Reply

Your email address will not be published. Required fields are marked *