October 19, 2024

၁၈. ၁၁. ၂၀၂၃
Written by Nay Aung

မြန်မာနိုင်ငံမြောက်ပိုင်းတွင် တပ်မတော်နှင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကြား တိုက်ပွဲများဖြစ်ပွားနေချိန်တွင် လောက်ကိုင်မြို့ရှိ အွန်လိုင်းအသုံးပြုကာလိမ်လည်နေသောဂိုဏ်းများလက်ထဲတွင် ထိုင်းနိုင်ငံသား ၅၀ ဦးခန့်ဖမ်းဆီးခံထားရဆဲဖြစ်ရာ ၎င်းတို့၏ ကံကြမ္မာနှင့်ပတ် သက်ပြီး စိုးရိမ်မှုဖြစ်နေရကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ Kanchana Patarachoke က ထုတ်ဖော်ပြောဆိုလိုက်သည်။

အွန်လိုင်းအသုံးပြုကာလိမ်လည်နေသည့်ဂိုဏ်းများသည် ထိုင်းနိုင်ငံသားများကို ပြန်လွှတ်ပေးရန် ငြင်းဆန်ခြင်းများရှိနေကြောင်း၊ ထိုင်းနိုင်ငံသား ၄၀ နှင့် ၅၀ ဦးကြား သည် လောက်ကိုင်မြို့ရှိအွန်လိုင်းအသုံးပြုကာ လိမ်လည်နေသော ဂိုဏ်းများအတွက် အလုပ်လုပ်ပေးနေရဆဲဖြစ်ကြောင်း ၎င်းကပြောသည်။

This image has an empty alt attribute; its file name is photo_2023-11-18_13-36-55-1024x576.jpg

ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူအမျိုးသမီးက “လောက်ကိုင်မြို့အခြေစိုက် အွန်လိုင်းအသုံးပြုကာလိမ်လည်နေတဲ့ဂိုဏ်းတွေရဲ့လက်ထဲမှာ ထိုင်းနိုင်ငံသား အနည်းဆုံး ၄၀ ဦးကနေ ၅၀ ဦးအထိ ဆက်ရှိနေဆဲဖြစ်တယ်။ အဲဒီသူတွေအတွက် စိုးရိမ်မှုဖြစ်ရတယ်။ မြန်မာနိုင်ငံရှိထိုင်းသံရုံးဟာ အဲဒီသူတွေကို ကူညီပံ့ပိုးပေးနိုင်ဖို့ ကြိုးပမ်းနေတယ်။ အစိုးရတွေဟာ လောက်ကိုင်မြို့ရှိအွန်လိုင်းအသုံးပြုလိမ်လည်နေတဲ့ ဂိုဏ်းတွေရဲ့ခေါင်းဆောင်တွေကိုဥပဒေအတိုင်းအရေးယူနိုင်ဖို့ ဆွေးနွေးနေတယ်။ တရုတ်အစိုးရကလည်းဖိအားပေးမှုတွေရှိနေတယ်” ဟု ပြောသည်။

ထို့အပြင် လောက်ကိုင်မြို့ရှိ လူကုန်ကူးဂိုဏ်းများလက်ထဲတွင်ပိတ်မိနေသည့် ထိုင်းနိုင်ငံသား ၄၁ ဦးသည် ပြီးခဲ့သောရက်ပိုင်းတွင် ကျိုင်းတုံမြို့ကိုထွက်ပြေးလာခဲ့ပြီး မြန်မာအာဏာပိုင်များက ၎င်းတို့ကို လိုအပ်သော စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။ လောက်ကိုင်မြို့ရှိလူကုန်ကူးဂိုဏ်းများလက်ထဲတွင် ပိတ်မိနေခဲ့သော ထိုင်းနိုင်ငံသား အနည်းဆုံး ၂၅၄ ဦးသည် လက်ရှိအချိန်တွင်ဘေးကင်းသောနေရာကိုရောက်ရှိနေပြီဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူအမျိုးသမီးက ပြောသည်။

Ref; Bangkokpost

Leave a Reply

Your email address will not be published. Required fields are marked *