October 19, 2024

၁၈. ၁၁. ၂၀၂၃
Written by KL

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ အောင်မင်္ဂလာရပ်၊ ရန်ကင်းစျေး အရှေ့ဘက်ရှိ ၃ ထပ်တိုက်တွင် ယနေ့ (နိုဝင်ဘာ ၁၈ရက်) နံနက် ၇ နာရီခန့်က အမျိုးသမီးကြီးတစ်ဦး နေအိမ်အပေါ်ထပ်တွင် ငှက်စာကျွေးရာမှ ဓာတ်လိုက်သေဆုံးမှု ဖြစ်ပွားခဲ့သည်။

အဆိုပါအမျိုးသမီးမှာ အသက် ၅၀ ကျော်အရွယ်ရှိပြီး နေ့စဥ် တိုက်အပေါ်ထပ်တက်ကာ ငှက်စာကျွေးသူလည်းဖြစ်သည်။

ယနေ့နံနက်က ငှက်စာကျွေးရင်း ၃ ထပ်မြောက် တံခါးအနီးရှိ စတီးဝရံတာတွင် အပ်ဝင်ရာမှ တိုက်ခန်းကြမ်းပြင်မှတစ်ဆင့်လျှပ်စစ်စီးဝင်ကာ ဓာတ်လိုက်ခဲ့ပြီး နေရာတွင် သေဆုံး​ခဲ့ခြင်းဖြစ်ကြောင်း ကယ်ဆယ်ရေးဆောင်ရွက်ခဲ့သည့် ရောင်စုံမေတ္တာလူမှုကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက​ ပြောကြားသည်။

အဆိုပါ သေဆုံးသူအမျိုးသမီးကို မကွေးပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံသို့ ပို့အပ်ခဲ့ကြောင်း သိရှိရသည်။

Photo-ရောင်စုံမေတ္တာ လူမှုကူညီရေးအသင်း

Leave a Reply

Your email address will not be published. Required fields are marked *