October 20, 2024

၁၈. ၁၁. ၂၀၂၃
Written By Thandar

မြန်မာနိုင်ငံသားတိုင်း အိမ်ပိုင်ခွင့်ရရှိစေဖို့ ဘဏ်နဲ့ချိတ်ဆက်ပြီး ၂၅ နှစ်အရစ်ကျရောင်းချပေးပေးမယ့် ကျော်စွာဟိန်းက ကြီးမှူးကျင်းပတဲ့ Little Yangon Property Supermarket 2023 ဖွင့်ပွဲ အခမ်းအနားကို နိုဝင်ဘာ ၁၈ ရက် နံနက် ၉ နာရီက ရန်ကုန်မြို့ အင်းစိန်မြို့နယ်ရှိ MCC မှာ ကျင်းပခဲ့ပါတယ်။

“ကျွန်တော် ဒီပွဲလုပ်ရတဲ့အဓိကရည်ရွယ်ကတော့ ပါဝင်ကြတဲ့ကုမ္ပဏီတွေ အကုန်လုံးက သေချာစိစစ်ပြီးတော့ ယုံကြည်စိတ်ချရတာ ရွေးချယ်ထားတယ်။ ဘာကြောင့်လဲဆိုတော့ အိမ်ခြံမြေလောကမှာ ရောင်းမှားဝယ်မှားပြဿနာတွေ ရှိတယ်။ ခဏခဏပြဿနာဖြစ်နေကြမို့ အိမ်ခြံမြေ ရောင်းမှားဝယ်မှားမဖြစ်အောင် ပိုင်ဆိုင်မှုခိုင်မာတဲ့ အကွက်တွေကို ဝယ်ယူသူတွေ သေချာစိတ်ချဝယ်နိုင်အောင် စီစဉ်ထားပါတယ်။ ကျွန်‌တော့်အနေနဲ့ အိမ်ခြံမြေ လောကကြီးကို တိုးတက်ချင်တယ်။ ၂၀၂၃ မှာ လူတွေ အဖြစ်အများဆုံး ရောင်းမှားဝယ်မှား ပြဿနာတွေက ဘာတွေလဲဆိုတာတွေ ဟောပြောကြမှာပါ” လို့ Co-Founder & Director ဦးကျော်စွာဟိန်းက MTNEWS Entertainment ကို ပြောပါတယ်။

This image has an empty alt attribute; its file name is photo_2023-11-18_11-50-47-1024x682.jpg

အဆိုပါ အခမ်းအနားမှာ Co-Founder & Director ဦးကျော်စွာဟိန်း၊ Co-Founder & Director Ko Ken Yang ၊ Steel Stone Group – Managing Director ဒေါ်ချောစုဝေ စတဲ့သူတွေက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါတယ်။ အိမ်ခြံမြေ ဘဏ်နဲ့ပတ်သက်တဲ့ Project ဆိုင်ခန်းပေါင်း ၄၀ ကျော်ကို ဖွင့်လှစ်ပေးထားပြီး ပွဲလာကြည့်ရှုလေ့လာသူ Register လုပ်ရုံနဲ့ ကျေးဇူးတုံ့ ပြန်တဲ့နေနဲ့ ရွှေစစ်စစ် ပီချူးတွေ ကံစမ်းမဲဖောက်ပေးမှာဖြစ်ပါတယ်။

“ကျွန်တော်တို့ မြန်မာပြည်မှာ အိမ်ပိုင်ဆိုင်တဲ့ လူဦးရေက အရမ်းကို နည်းပါတယ်။ အများစုက ငှားနေကြတယ်။ကျွန်တော့်နိုင်ငံသားတိုင်း အိမ်ပိုင်ဆိုင်ခွင့် ရရှိဖို့ ရည်ရွယ်ချက်ရှိတယ်။ အမေရိကန်သွားချင်ကြတယ်။ အိမ်လွယ်လွယ်နဲ့ပိုင်လို့လေ။ ကားလည်း ဒီလိုပဲ။ Amarica Dream ဆိုတာရှိတယ်။ ကျွန်တော်တို့ ဆီမှာလည်း Myanmar Dream ဆိုတာ ဖြစ်စေချင်တယ်။ ခုဆို ဘဏ်တွေကို ဖိတ်ထားတယ်။ ဝန်ထမ်းတွေအတွက် အနာ ဂတ်အိမ်စုဘူးဆိုလုပ်ထားတယ်။ ဘဏ်ကနေ အရစ်ကျစနစ်တွေ ၂၅ နှစ်အထိ အရစ်ကျရောင်းချပေးတယ်။ Down Payment တချို့ဘဏ်ဆိုရင် ၂၅ နှစ် ၃၀ နှစ်အထိလုပ်ပေးနေတယ်”လို့ သူကဆက်ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *