October 22, 2024

MT News

Written By A Thaung

စင်္ကာပူနိုင်ငံမှာ ကျင်းပတဲ့ One Championship ပြိုင်ပွဲမှာ မြန်မာ့စပါးကြီးမြွေ အောင်လအန်ဆန်းက ဂျပန်နိုင်ငံသား ယူရှင်းအိုကာမီကို ပွဲချိန် ၂ မိနစ်အတွင်းမှာပဲ အနိုင်ယူခဲ့ပါတယ်။

နိုဝင်ဘာ ၁၉ ရက်နေ့ မြန်မာစံတော်ချိန် ည ၈ နာရီ ၁၅ မိနစ်မှာ စတင်ခဲ့တဲ့ အဲဒီပွဲမှာ အောင်လအန်ဆန်းက ပွဲစတာနှင့် တရစပ်တိုက်စစ်ဆင်ခဲ့ပါတယ်။

ပွဲချိန် ၁ မိနစ်နှင့် ၁၅ စက္ကန့်မှာတော့ အောင်လအန်ဆန်ရဲ့ ညာဒူးတိုက်ချက်ကြောင့် ယူရှင်းအိုကာမီ လဲကျခဲ့ပါတယ်။ ပွဲချိန် ၁ မိနစ်နဲ့ ၄၂ စက္ကန့်မှာတော့ အောင်လအန်ဆန်း အလဲထိုး အနိုင်ရခဲ့ပါတယ်။

ပွဲအပြီးမှာတော့ အောင်လအန်ဆန်က “မြန်မာနိုင်ငံသားတွေအတွက် ဆုတောင်းပေးနေပါတယ်။ လွန်ခဲ့တဲ့ နှစ်နှစ်ကစလို့ ကျွန်တော် ခက်ခဲခဲ့ပါတယ်။ ကျွန်တော်တို့ နိုင်ငံလည်း ခက်ခဲခဲ့ပါတယ်။ အခက်အခဲတွေ ကျော်ဖြတ်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်”လို့ ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *