October 20, 2024

၁၈. ၁၁. ၂၀၂၃
Written by Pan Ei

ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းမှာ ပြင်းအား ၆ ဒသမ ၇ အဆင့်ရှိ ငလျင်လှုပ်ခတ်မှုကြောင့် သေဆုံးသူ ခြောက်ဦးအထိ မြင့်တက်လာပြီး ပျောက်ဆုံးနေသူ နှစ်ဦးကို အာဏာပိုင်တွေက ရှာဖွေနေတယ်လို့ ဒေသဆိုင်ရာ သဘာဝဘေးအန္တရာယ် တာဝန်ရှိသူတွေက ဒီနေ့ (နိုဝင်ဘာလ ၁၈ ရက်)မှာ ပြောကြားခဲ့ပါတယ်။

မင်ဒါနာအိုကျွန်း ကမ်းလွန်ပင်လယ်ပြင်မှာ သောကြာနေ့မွန်းလွဲပိုင်း လှုပ်ခတ်ခဲ့တဲ့ ငလျင်ဟာ အနက် ၆၀ ကီလိုမီတာ (၃၇ မိုင်) မှာ လှုပ်ခတ်ခဲ့ကြောင်း ဂျာမန်ဘူမိသိပ္ပံသုတေသနစင်တာကနေ သိရပါတယ်။

သေဆုံးခဲ့သူတွေဟာ South Cotabato၊ Sarangani နဲ့ Davao Occidental ပြည်နယ်တို့ကဖြစ်ပြီး နေအိမ်တွေနဲ့ အအောက်အအုံတွေ ပျက်စီးမှုရှိခဲ့တယ်လို့လည်း တာဝန်ရှိသူတွေကက ပြောကြားခဲ့ပါတယ်။

This image has an empty alt attribute; its file name is photo_2023-11-18_11-04-08.jpg

ဖိလစ်ပိုင်နိုင်ငံဟာ မီးတောင်လှုပ်ရှားမှုတွေနဲ့ ငလျင်လှုပ်လေ့ရှိတဲ့ ပစိဖိတ်သမုဒ္ဒရာအတွင်းက “Ring of Fire ” လို့ခေါ်တဲ့ ဒေသအတွင်းမှာ တည်ရှိပါတယ်။

အလားတူ မနေ့ မနက်ပိုင်းကပဲ မြန်မာနိုင်ငံ ရှမ်းပြည်နယ် ကျိုင်းတုံမြို့နယ် အနောက်တောင်ဘက် ၇၆ ကီလိုမီတာအကွာ၊ မြေပြင်အနက် ၉ ကီလိုမီတာကို ဗဟိုပြုပြီး ရစ်ခ်ျတာစကေး ၆ ဒသမ ၄ အဆင့်ရှိတဲ့ ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ထိုင်းနိုင်ငံ ချင်းရိုင်ရဲ့ မယ်ဆွေနဲ့ မယ်ဆိုင်ခရိုင်၊ ချင်းမိုင်ရဲ့ ဆာရဖီနဲ့ ခရိုင်တချို့၊ လန်ဖွန်ခရိုင်၊ နန်းမြို့ရဲ့တချို့နေရာတွေနဲ့ ဘန်ကောက်မြို့ လက်ဆီခရိုင်တို့ကပါ တုန်ခါမှုကို ခံစားခဲ့ရတယ်လို့ ထိုင်းသတင်းဌာနတွေက ဖော်ပြခဲ့ကြပါတယ်။

Ref; Reuters, Bangkok Post

Leave a Reply

Your email address will not be published. Required fields are marked *